အိမ်သုံးပစ္စည်းများဖြင့် စစ်ဆေးနည်း

74

ကိုယ်ဝန်ရှိ မရှိ စစ်ဆေးဖို့က အခု ခေတ်မှာ အလွန်လွယ်ကူနေပါပြီ။ ဆေး ဆိုင်ပေါ်က ကိုယ်ဝန်စစ်ကိရိယာလေးကို ဝယ်ပြီး မိမိဆီးကို အညွှန်းပါအတိုင်း စစ် လိုက်ရုံပါပဲ။ ဒါပေမဲ့လည်း ကိုယ်ဝန်စစ် ကိရိယာဝယ်ဖို့ အချိန်မရှိသူတွေ၊ တခြား အကြောင်းကြောင်းကြောင့် မဝယ်ဖြစ်သူ တွေကလည်း မိမိအိမ်မှာရှိတဲ့ အိမ်သုံး ပစ္စည်းလေးတွေနဲ့ ကိုယ်ဝန်ရှိ မရှိ စစ် ဆေးနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်။

၁။ သွားတိုက်ဆေးဖြင့် စစ်ဆေးနည်း

သင့်အိမ်မှာရှိတဲ့သွားတိုက်ဆေး ဟာ သင့်သွားတွေကို ဖြူဖွေးတောက် ပြောင်ရုံတစ်ခုတည်းသာ အသုံးဝင်တာ မဟုတ်ပါဘူး။ သူ့ကို အသုံးပြုပြီး ကိုယ် ဝန် ရှိ မရှိ ပါ စစ်ဆေးနိုင်ပါတယ်။ ဒါပေ မဲ့ သင်အသုံးပြုတဲ့သွားတိုက်ဆေးက အဖြူရောင်ဖြစ်ရပါမယ်။

– မနက်အိပ်ရာထခါစ ဆီးကို သန့်စင် တဲ့ ခွက်တစ်ခုထဲထည့်ပါ။

– ပြီးရင် အဲဒီဆီးထဲကို စားပွဲဇွန်း နှစ် ဇွန်းစာသွားတိုက်ဆေး ထည့်ဖျော် ပါ။

– အဲဒီအရည်က အပြာရောင်ဖြစ်သွား ပြီဆိုရင် သင့်မှာကိုယ်ဝန်ရှိနေပါပြီ။

၂။ ကြေးချွတ်ဆေးရည်ဖြင့် စစ်ဆေး နည်း

ဒီနည်းလမ်းကတော့ ကြေးချွတ် ဆေးတစ်ခွက်နဲ့ ဆီးခံဖို့ ခွက်သန့်တစ်ခု သာ လိုအပ်ပါတယ်။ သူ့ကို ပြုလုပ်ဖို့က တော့ အလုံပိတ်ခန်းမဟုတ်ဘဲ လေ ကောင်းလေသန့်ရတဲ့အခန်း ဖြစ်နေရပါ မယ်။

– ကြေးချွတ်ဆေး တစ်ခွက်ကို ဆီးခံ မယ့်ခွက်ထဲ ထည့်လိုက်ပါ။

– ပြီးရင် ဆီးပေါက်ထည့်လိုက်ပြီး ရောမွှေလိုက်ပါ။

– အဲဒီအရည်က အမြှုပ်ထနေပြီဆို ရင် သင့်မှာ ကိုယ်ဝန်ရှိနေပါပြီ။

၃။ သကြားဖြင့် စစ်ဆေးနည်း

ဒီစစ်ဆေးနည်းကတော့ လက်ဖက် ရည်ဇွန်းသုံးဇွန်းစာ သကြားဖြူသာ လို အပ်ပါတယ်။

– အဲဒီသကြားကို သန့်စင်တဲ့ခွက် တစ် ခွက်ထဲ ထည့်ပါ။

– အဲဒီခွက်ထဲကို ဆီးပေါက်ထည့်ပြီး ငါးမိနစ်ခန့် စောင့်ကြည့်ပါ။

– သကြားပုံဆောင်ခဲက မပျော်ဝင်ဘဲ ဒီအတိုင်းရှိနေမယ်ဆိုရင် သင့်မှာ ကိုယ်ဝန်ရှိနေပါပြီ။

၄။ ဂန္ဓမာပန်းရွက်ဖြင့် စစ်ဆေးနည်း

ဂန္ဓမာပန်းရွက်က နေနဲ့ တိုက်ရိုက် ထိတွေ့ထားတဲ့အရွက်မဖြစ်ရပါဘူး။ အရိပ်မှာ စိုက်ထားတဲ့အရွက်ဖြစ်ရပါမယ်။

– ခွက်နှစ်ခွက်စာ ဂန္ဓမာပန်းရွက်ကို သန့်စင်တဲ့ ခွက်ထဲ ထည့်ထားပါ။

– ပြီးရင် သင့်ဆီးကို အရွက်မြုပ်အောင် ထည့်ပြီး မိနစ်အနည်းငယ်ခန့်စောင့် ကြည့်ပါ။

– ဂန္ဓာမာပန်းရွက်ပေါ်မှာ အနီရောင် အရည်ကြည်ဖုတွေ ပေါ်လာတယ် ဆိုရင် သင့်မှာကိုယ်ဝန်ရှိနေပါပြီ။

၅။ ဆပ်ပြာရည်ဖြင့် စစ်ဆေးနည်း

– ဆပ်ပြာရည်ကို ဆီးခံထားတဲ့ခွက် ထဲ လောင်းထည့်လိုက်ပါ။

– ဓာတ်ပြုပြီး အမြှုပ်တွေ ထွက်လာ တယ်ဆိုရင် သင့်မှာ ကိုယ်ဝန်ရှိနေ ပါပြီ။

ဘယ် အ ချိန် မှာဒီလိုစစ်ဆေးမှုတွေပြုလုပ်မလဲ ¿

သင်ဟာ ကိုယ်ဝန်ဆောင်ထားတာ ကြောင့် သန္ဓေသားကို အာဟာရပေးနေ တဲ့အချင်းက ထုတ်လုပ်တဲ့ ကိုယ်ဝန် ဆောင်ဟော်မုန်းရှိနေတဲ့အတွက် အ ထက်ဖော်ပြပါ စစ်ဆေးမှုတွေကို ပြုလုပ် လို့ရတာပါ။ အဖြေမှန် တိတိကျကျထွက် လာဖို့အတွက် မနက်အစောဆုံးသွား ထားတဲ့ဆီးကို ယူရပါမယ်။ သင်ဓမ္မတာ ပေါ်ရမယ့်ရက်မှာ သွေးမပေါ်တော့ဘူး ဆိုရင် ဒီစစ်ဆေးမှုကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဖြေမှန်ရဖို့အတွက် ဓမ္မတာ လာမယ့်ရက်ကျော်ပြီး တစ်ပတ်လောက် အကြာမှာပြုလုပ်ရင် ပိုမိုကောင်းမွန်ပြီး ၉၇ ရာခိုင်နှုန်းမှန်ကန်တိကျတယ်လို့ သိ ရပါတယ်။

ဒေါက်တာခင်မိုးမိုး(Goodhealthmyanmar)