ရေမလိုလက်သန့်ဆေးရည်များက တုပ်ကွေးကူးစက်မှုကို မကာကွယ်နိုင်

108

ရေမလိုလက်သန့်ဆေးရည်တွေက ပြင်းထန်အသက်ရှူလမ်းကြောင်းကူး စက်ရောဂါတွေနဲ့ တုပ်ကွေးကူးစက်မှုတွေ ကို ထိရောက်စွာကာကွယ်မပေးနိုင်ဘူးလို့ ဂျပန်နိုင်ငံ ကျိုတိုဆေးတက္ကသိုလ်က လေ့လာမှုမှာ ဆိုထားခဲ့ပါတယ်။

တုပ် ကွေးမိနေသူတွေဆီက ချွဲသလိပ်ကို စု ဆောင်းယူထားပြီး လေ့လာမှုအတွက် ပူး ပေါင်းကူညီပေးတဲ့ စေတနာ့ဝန်ထမ်း ၁၀ ဦးရဲ့ လက်ချောင်းထိပ်တွေမှာ ထားပြီးတဲ့ နောက် ရေမလိုလက်သန့်ဆေးရည်နဲ့ ပွတ်ဆေးစေခဲ့ပါတယ်။

အသေးစိတ်လေ့ လာမှုတွေမှာ ရေမလိုလက်သန့်ဆေးရည် ရဲ့အယ်လ်ကိုဟောက တုပ်ကွေးဗိုင်းရပ်စ် တွေကို မသေစေနိုင်တာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ရေမလိုလက်သန့်ဆေးရည် မှာပါတဲ့ ပိုးသတ်ဆေးက လက်ချောင်း ထိပ်တွေမှာ ၂ မိနစ်ကြာမျှသာရှိနေနိုင်ခဲ့ တာဖြစ်ပြီး ဗိုင်းရပ်စ်တွေကို အပြည့်အဝသုတ်သင်နိုင်ဖို့ဆိုရင်အချိန် ၄ မိနစ် လောက်လိုအပ်တယ်လို့ သုတေသီတွေ က ဆိုပါတယ်။

ရေနဲ့ပိုးသတ်ဆေးပါတဲ့ လက်ဆေးဆပ်ပြာနဲ့အသေအချာ ဆေး ကြောတာကတော့ စက္ကန့် ၃၀ အတွင်း မှာပဲ ဘက်တီးရီးယားတွေသေစေတယ် လို့ သုတေသီတွေကဆိုပါတယ်။

ရေနဲ့ လက်ဆေးဆပ်ပြာအသုံးမပြုနိုင်တဲ့နေ ရာမျိုးမှာဆိုရင်တော့ ဘာနဲ့မှမဆေး ကြောတာမျိုးထက်စာရင် ရေမလို လက် သန့်ဆေးရည်ကိုသုံးပေးသင့်တယ်လို့ သု တေသီတွေက ဆိုပါတယ်။

(DM, 26.9.19) သံသာ(Goodhealthmyanmar)