၂၀၁၉ ဒီဇင်ဘာလ တစ်လလုံးစာ တနင်္လာ သား/သမီး များ အတွက် ဗေဒင်ဟောစာတန်းနှင့် ယတြာများ

215

ဒီဇင်ဘာ(၁) AlinnMyay(အလင်းမြေ)

AlinnMyay(အလင်းမြေ) မီဒီယာ ကို ဖတ်ရှု့ကြ ကုန် သော ၇ ရက် သား/သမီးများ အတွက် ဆရာ သိင်္ခမောင်မှ နလုံး စိတ်ဝမ်း ချမ်းသာကြ ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ် ပါသည် ။

၂၀၁၉ ဒီဇင်ဘာလတွင် တနင်္လာ သား/သမီးများသည် ယှဉ်ပြိုင် တိုက်ခိုက်ခြင်း ၊ပြိုင်ဆိုင်နေရတဲ့ ကြားထဲမှာမှ အနိုင်ရခြင်း အောင်မြင်ခြင်းများ ဖြစ်ပေါ်လာမည် ။

မည်မျပင် အဆင်မပြေဖြစ်ခဲ့ပါစေ ၊ အနိုင်ကျင့်ခံရသလို ၊ ဘဝေ အခြေအနေ ဖြစ်နေပါစေ ၊ နောက်ဆုံးမှာ အနိုင်ရနိုင် မည် ဖြစ်ပါသည် ။

ရန်သူကို အလဲထိုး အောင်ပွဲ ခံနိုင်ရမည် ဖြစ်ပါသည် ။

စီးပါွးရေး သည် ကောင်းနေမည် ဖြစ်သော်လဲ မိမိ အတွက် မဟုတ် သူတပါး အတွက်သာ ဖြစ်နေ တတ်မည် ။

ငွေကြေးကံ လာဘ်ပွင့်နေသော အချိန် အခါ ဖြစ်ပါသည် ။

အပျော်အပါး များနေတတ်မည် ။ အပျော်အပါးကြောင့် အချိန်တွေ ကုန်ဆုံးနေရတတ်မည် ။

အိုးသစ် အိမ်သစ် နေရာသစ် အလုပ်သစ် ဖြစ်နေမည် ။ ဘဝ အသစ် ပါတ်ဝနကျင် အသစ် တွင် ကျက်လည်နေ ရမည်။

လက်အောက် ငယ်သားများနငိ့ ပါတ်သက်ပြီး ပြဿနာကြုံရတတ်သည် ။ ဖြေရှင်းပေးရတတ်မည်။

ထီးပျောက် ၊ ဖိနပ်ပြတ် ဆိုသလို လူကြားထဲကျမှ ဖိနပ် ပြတ်တာမျိုး ၊ ဖိနပ်ပျောက်တာမျိုး ကြုံရတတ်ပါသည်။

သတင်းကောင်းများ ကြားရမည်။ အဝေးခရီးသွားရတတ်မည်။ နယ်ပြောင်း မြေပြောင်း ရေခြားမြေခြား ခရီးသွားရခြင်းကြုံရမည် ။

ပုဆိုးပျောက်မည်။ မိန်းမထွက်သွားတတ်သည် ။ ဖုန်းပျောက်ခြင်း မိတ်ဆွေ ဒုက္ခပေးခြင်း ခံရတတ်ပါသည် ။

ယတြာ မှာ မိတ်ဆွေ ကိုဖြစ်စေ ဆရာသအားကိုဖြစ်စေ ပုဆိုး တစ်ထည် လက်ဆောင်ဝယ်ပေးလိုက်ပါ ။ မိမိရဲ့ အည့ံအခိုက်များသက်သာပါလိမ့်မည် ။

ယခု လတွင် လာဘ်ပွင့်စေသော ပန်းမြတ်မာလာမှာ ကြာပန်း နင့် ဂန္တမာပန်း တို့ ဖြစ်ပါသည် ။

ကံကောင်းစေသာ အဆောင်ကျောက်များမှာ ရွှေတွင်းဝါ နင့် မဟူရာကျာက်တို့ ဖြစ်ပါသည် ။

လာဘ်ပွင့်စေသော အဝတ်အစား အရောင်များမှာ အစိမ်းရင့် နငိ့ နက်ပြာ ရောင်တို့ ဖြစ်ပါသည် ။

ယခု လအတွက် အကျိုးပေးစေသော ဂဏန်းများမှာ ၀၊၇၊၈ တို့ ဖြစ်ပါသည် ။

အထူး ယတြာ မှာ အင်္ဂါ နေ့ နံနက် ၆းဝ၀ နာရီ တွင် ပန်းကန်ပြား တချပ်ပေါ်တွင် ဇီးသီး ၃ လုံး နင့် အုန်းသီး တစိတ် ကို မိမိအိမ်ဘုရားတွင် လျူဒါန်းပေးပါက မိမိ ဖြစ်ချင် သော လိုချင်သော အခက်အခဲများ အမြန်ဆုံး အဆင်ပြေ စေပါသည်။

Alinn Myay သတင်းမီဒီယာကို ဖတ်ရှု့ကြကုန်သော ခုနစ် ရက် သားသမီးများ ချစိသူ ခင်သူ ပေါများပါစေ၊ ဝင်ငွေ လာဘ် လာဘများ ဝင်လာမဆဲတသဲသဲ ဖြစ်ကြပါ စေ ကြောင်း ကျွန်ပ် သိင်္ခမောင်မှ ဆုတောင်း မေတ္တာ ပို့သ အပ် ပါသည် ။

ဆရာ သိင်္ခမောင် သိင်္ခမင်းခေါင်ဓာတ်ခန်း (ပြည်မြို့ ) ဖုန်း – ၀၉၆၇၈၃၃၅၅၅၉

#AlinnMyay(အလင်းမြေ) #ဗေဒင်ကဏ္ဍ