၂၀၁၉ ဒီဇင်ဘာလ တစ်လလုံးစာ အင်္ဂါ သား/သမီး များ အတွက် ဗေဒင်ဟောစာတမ်းနှင့် ယတြာများ

214

ဒီဇင်ဘာ(၁) AlinnMyay(အလင်းမြေ)

AlinnMyay(အလင်းမြေ) မီဒီယာ ကို ဖတ်ရှု့ကြ ကုန် သော ၇ ရက် သား/သမီးများ အတွက် ဆရာ သိင်္ခမောင်မှ နလုံး စိတ်ဝမ်း ချမ်းသာကြ ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ် ပါသည် ။

အင်္ဂါ သား/သမီး များ အတွက် ၊ သိင်္ခမောင် ဗေဒင် ကံကြမ္မာ ဟောစာတမ်း ………

၂၀၁၉ ဒီဇင်ဘာလတွင် အင်္ဂါ သား/သမီးများသည် ယခု လတွင် စီးပါွးရေး ကောင်းမည်။ မိသားစု စီးပါွးရေး အစုစပ် လုပ်ငန်းစီးပါွးရေးများ အဆင်ပြေမည် ။

စိတ်ချမ်း သာရ မည်။ ဝင်ငွေ တိုးတက်မည်။ လာဘ်မြင်သလောက် စီးပါွး တိုးချဲ့ပါ လျင် အောင်မြင်မည့် အချိန်အခါ ဖြစ်ပါပေသည်။

ကူညီမည့် ဆရာသမားများ ၊ ရောက်လာတတ်သည်။ မိတ်ဆွေကောင်းများ ရောက်လာမည်။

လူမျုရေး ကိစ္စ အဖြစ် သူတပါး မင်္ဂလာ ကိစ္စကို နစ်ကြိမ် တိုင်တိုင် ကူညီပေးရမည်။

ဝင်ငွေ ထွက်ငွေများလဲ အဆင်ပြေတိုးတက်ကာ စက်မှု့ ပစ္စည်းများ အိမ်ထောင်စု ပစ္စည်းများ ဝယ်ယူ စုဆောင်း လျင် ကောင်းမည်။

လုပ်ငန်းနင့် ပါတ်သက်သော ခရီးဝေးသွားရလျင် အိမ်တွင် အုန်းသီး ၆ စိပ် လျူဒါန်းပြီးမှ သွားပါ။

လက်အောက်ငယ်သား များ ထွက်ပြေးတတ်သောကြောင့် စနေနံ ဘုရား ဂြိုလ်တိုင်တွင် ထီးဖြူ ၅ လက် လျူဒါန်း ဆုတောင်းပေးရပါမည် ။

ထီးပျက် ၊ ဖိနပ်ပျက်များသည် လာဘ်လာဘကို ပိတ်စေ သဖြင့် စွန့်လွှတ်ပေးရပါမည်။

စိတ်ချမ်း သာသော ခရီး ၊ လာဘ်ရစေသော ခရီး ဖြစ်စေ ရန် ခရီးသွားနေသော သံဃာကို လိမ္မောာသီး ၄ လုံး လျူ ဒါန်းပေးရပါမည်။

ယခု လတွင် လာဘ်ပွင့်စေသော ပန်းမြတ်မာလာမှာ ဒေါနပန်း နင့် ဗုဒ္ဓံ သရဏံ ပန်း တို့ ဖြစ်ပါသည် ။

ကံကောင်းစေသာ အဆောင်ကျောက်များမှာ စိန် နင့် ဂေါ်မိတ် ကျာက်တို့ ဖြစ်ပါသည်။

လာဘ်ပွင့်စေသော အဝတ်အစား အရောင်များမှာ နံ့သာ နငိ့ မီးခိုးအနု ရောင်တို့ ဖြစ်ပါသည် ။

ယခု လအတွက် အကျိုးပေးစေသော ဂဏန်းများမှာ ၁၊ ၆၊ ၈ တို့ ဖြစ်ပါသည် ။

အထူး ယတြာ မှာ မွှေးနေ့ နံနက် ၆းဝ၀ နာရီ တွင် မွှေးနံ ဘုရားတွင် ထီးအဝါ ၄ လက် နင့် ကောင်းညှင်းပေါင်း ၄ပွဲ လျူဒါန်းပါ ။မိမိ ဖြစ်ချင် သော လိုချင်သော အခက်အခဲများ ကို ဆုတောင်းပါ က အဆင်ပြေ စေပါသည်။

AlinnMyay(အလင်းမြေ) သတင်းမီဒီယာကို ဖတ်ရှု့ကြကုန်သော ခုနစ် ရက် သားသမီးများ ချစိသူ ခင်သူ ပေါများပါစေ၊ ဝင်ငွေ လာဘ် လာဘများ ဝင်လာမဆဲ တသဲသဲ ဖြစ်ကြပါ စေ ကြောင်း ကျွန်ပ် သိင်္ခမောင်မှ ဆုတောင်း မေတ္တာ ပို့သ အပ် ပါသည် ။

ဆရာ သိင်္ခမောင် သိင်္ခမင်းခေါင်ဓာတ်ခန်း (ပြည်မြို့ ) ဖုန်း – ၀၉၆၇၈၃၃၅၅၅၉

#AlinnMyay(အလင်းမြေ) #ဗေဒင်ကဏ္ဍ