ညောင်လေးပင်မြို့အာလောကွေ့အနီး (၁၂) ဘီးယာဉ်တစ်စီးတိမ်းမှောက်

99

ညောင်လေးပင်၊ ဒီဇင်ဘာ(၂) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရှမ်းရွာကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၉၆/၁)နှင့်(၉၆/၂) ကြား အာလောကွေ့တွင်ဒီဇင်ဘာလ ၁ ရက် ည‌နေ ၃ နာရီခွဲအချိန်ခန့်က (၁၂)ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ မန္တလေးမှ ရန်ကုန်ဘက်သို့ ယဉ်မောင်း သန်းထွန်းဝင်း (၃၂ )နှစ် ရန်ကင်းအမှတ်(၂)ရပ်ကွက်၊ ရေစကြိုမြို့ မကွေးတိုင်းဒေသကြီး နေသူ‌ ‌‌ မောင်းနှင်၍ ချမ်းငြိမ်းရွှေ (၃၃) နှစ် ဇေယျဝတီ အမှတ်(၈)ရပ်ကွက် ရေစကြိုမြို့ မကွေးတိုင်းဒေသကြီးနေသူလိုက်ပါလာသော ယဉ်အမှတ် SGG-8F 2781 Nissan Diesal အမျိုးအစား(၁၂)ဘီး၊ စိမ်းနုရောင် ယာဉ်သည် လမ်း၏ဝဲဘက်ခြမ်းသို့ လဲကျတိမ်းမှောက်ခဲ့ရာ သန်းထွန်းဝင်းနှင့် ချမ်းငြိမ်းရွှေတို့တွင် ထိခိုက်ဒဏ်ရာမရရှိသော်လည်း ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ရှေ့လေကာမှန်ကွဲ၊ နောက်ကြည့် မှန်ကွဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၃၅)သိန်းကျပ်ခန့်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ယာဉ်မောင်းနှင်သူ သန်းထွန်းဝင်း အား ညောင်လေးပင်မြို့မရဲစခန်းမှ ယာဉ်(ပ)၅၆/၂၀၁၉ရာဇသတ်ကြီးပုဒ်မ (၂၇၉) ဖြင့် အမှုဖွင့်အ‌ရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုမျိုး (ညောင်လေးပင်)#AlinnMyay(အလင်းမြေ)