အိမ်ရှေ့မှာ ဆော့နေတဲ့ ၁၁ နှစ် အရွယ် သမီးလေး မနွယ်နီဝေလှိုင် ရုတ်တရက် ပျောက်ဆုံး

144

အခုတလော အွန်လိုင်းမှာတော့ လူပျောက်မှုတွေ တို့ဆေးကိစ္စတွေနဲ့ အထိတ်တလန့် ပွဲဆူလို့နေတာပါ ဒီနေ့မှာလည်း လူပျောက်ကြော်ငြာတစ် ခုထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီတခါမှာတော့ မိန်းကလေးငယ်တစ်ဦးပျောက်ဆုံးနေတာပါ

Min Zin Than ဆိုသူက လူမှုကွန်ယက်မှာ ပို့စ်တင်ပြီး အကူအညီတောင်းထားခဲ့တာဖြစ်ပြီး သူတင်ထားခဲ့တဲ့ ပို့စ်အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်

ကူညီကြပါဦး

လှိုင်သာယာမြို့နယ်၊ အမှတ် ၁၀၊ မန္တလေးလမ်း ၊ အမှတ် …… နေ ဒေါ်မခိုင်ရဲ့ သမီးဖြစ်သူ မနွယ်နီဝေလှိုင်(ခ)မဝေ ၊ အသက် ၁၁ နှစ်ယနေ့(၁.၁၂.၂၀၁၉)ရက်နေ့ မနက် ၇နာရီခွဲခန့်က နေအိမ်ရှေ့မှာ ဆော့ကစားနေရင်း ပျောက်ဆုံးခဲ့ပါတယ်။

ပျောက်ဆုံးစဉ် ဝတ်ထားသော အင်္ကျီ မှာ ပန်းရောင် လက်တို၊ ဘောင်းဘီ ပန်းရောင်အနက် ပျောက် ဝတ်ဆင်ထားပါတယ်။မိခင်ဖြစ်သူ ပြောပြချက်အရ မနက်က မုန့်ဖိုး၂၀၀ယူပြီး မုန့်စားသွားရာမှ ရွယ်တူ မိန်းကလေးတစ်ယောက်ရဲ့ စက်ဘီးနောက်က လိုက်သွားတာတွေ့မိကြောင်း၊

အနီးနေ သူငယ်ချင်း အထင်ဖြင့် အမှုမဲ့ အမှတ်မဲ့နေမိကြောင်း၊ အတော်ကြာလို့ ပြန်မရောက်မှ လိုက်လံစုံစမ်းရာ အနီးရှိသူငယ်ချင်းများမဟုတ်ကြောင်း သိရှိရပြီး သောင်ကြီးရဲစခန်းသို့ လူပျောက်တိုင်ကြားမည်ဖြစ်ကြောင်း သိရပါတယ်။

ဖခင်ဆုံးသွားတာ သိပ်မကြာသေးလို့ မိခင်ဖြစ်သူ အရူးတစ်ပိုင်း ဖြစ်နေတာကြောင့် ကူညီကြပါဦးဗျာ။

တွေ့ရှိက ဖုန်း 09403414248 သို့ဆက်သွယ်ပေးပါရန် )))))

မိခင်ဖြစ်သူက အလွန်ပင် စိတ်ပူနေတာဖြစ်လို့ ဓာတ်ပုံပါမိန်းကလေးကို တွေ့ရှိခဲ့မယ်ဆိုရင် ဖော်ပြပါ ဖုန်းနံပါတ်ကို ဆက်သွယ်ပေးဖို့ ရွှေရောင်လမ်းပရိသတ်ကြီးကို မေတ္တာရပ်ခံလိုက်ပါတယ်နော် အမြန်ဆုံးပြန်တွေ့နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါရစေ

Writer -Magic (Shwe Yaung Lan)