တစ်ရက်ကို (၉) နာရီ အိပ်ပေးရင် သိန်း (၂၀) ကျော် ပေးမယ်လို့ အလုပ်ခေါ်နေတဲ့ ကုမ္ပဏီ

149

အိန္ဒိယ ကုမ္ပဏီ Wakefit Innovations Pvt.Ltd ဟာ အလုပ် တစ်ခု ခေါ်နေပြီး၊ အခန့်ခံရတဲ့ သူက လုပ်ရမှာ ဆိုလို တစ်နေ့ကုန် ဘာမှ မလုပ်ဘဲ၊ အနည်းဆုံး (၉) နာရီကြာ အိပ်နိုင်ရမှာ ဖြစ်ပါတယ်။

အခန့်ရတဲ့ ဝန်ထမ်းတွေဟာ ကုမ္ပဏီက သီးသန့် ပြုလုပ်ထားတဲ့ ခြေရာခံ အိပ်စက်ထဲမှာ အိပ်ရမှာ ဖြစ်ပြီး၊ နေ့ခင်းဘက်မှာသာ အိပ်ရမှာ ဖြစ်တာကြောင့် ညဘက်ဆိုရင် အိမ်ကို ပြန်အိပ်နိုင်ပါတယ်။

ကုမ္ပဏီက ဒီအလုပ်ကို ခေါ်ရတာဟာ အိပ်စက်ပုံကို လေ့လာဖို့ ဖြစ်ပြီး၊ ကျန်းမားရေနဲ့ ညီညွတ်တဲ့ အိပ်စက်နည်းကို လူထုအတွက် ယူဆောင်လာပေးဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

အခန့်ခံရတဲ့ ဝန်ထမ်းတွေဟာ ညအိပ်ရာ ဝင်တဲ့ အချိန်မှာ ဝတ်နေကျ ညအိပ် ဝတ်စုံကို ဝတ်နိုင်ပြီး ခြေရာခံ အိပ်စက်မှာ တစ်နေ့ကို (၉) နာရီကြာနဲ့ ရက်ပေါင်း (၁၀၀) ကြာ အိပ်ရမှာ ဖြစ်ပါတယ်။

WorldofBuzz သတင်းက အခန့်ခံရတဲ့ ဝန်ထမ်းဟာ တစ်နေ့ကို (၉) နာရီကြာနဲ့ ရက်ပေါင်း (၁၀၀) ကြာ အိပ်ပြီးရင် ရင်းဂစ် (၅,၈၀၀)၊ မြန်မာငွေ သိန်း (၂၀) ကျော် ရနိုင်မယ်လို့ ဖော်ပြသွားပါတယ်။ အလုပ်ခေါ်စာမှာ ရေးထာတာက “အိပ်နေရုံပါပဲ။ ကြာနိုင်သလောက် အိပ်ပါ။

နှစ်ခြိုက်သလောက် အိပ်ပါ။ နိုင်လိုစိတ်ပြင်းပြသလောက် အိပ်ပါ။ အနားယူူနေရုံပါပဲ”လို့ ရေးထားတာ ဖြစ်ပါတယ်။ခြေရာခံ အိပ်စက်က အိပ်နေတဲ့ အချိန်မှာ အိပ်နေတဲ့ ပုံစံကို မှတ်ထားမှာ ဖြစ်ပြီး၊ အိပ်နေတဲ့ သူက သူ အိပ်နေတဲ့ အချိန်မှာ သူ့ရဲ့ ဖုန်း အပါအဝင် အခြား ဘာပစ္စည်းကိုမှ ကိုင်ခွင့်မရှိတာ ဖြစ်ပါတယ်။

တစ်ဖက်က ကြည့်ရင် အိပ်ရတာ လွယ်ပါတယ်လို့ ပြောနိုင်ပေမဲ့ တစ်နေ့ကို (၉) နာရီကြာ အိပ်ဖို့က အလွယ်သလို၊ ရက် (၁၀၀) ကြာ၊ (၃) လခွဲကျော် အိပ်နေရမှာကလည်း အလွန် ခက်ခဲပါတယ်။

Ko Khant ( D Nae Khit Media )