ကလေးသူခိုးခေါင်းဆောင် ရှမ်းလေး(ခ) အိုက်ပု ကိုယ်တိုင်ဝန်ခံထွက်ဆိုခဲ့တဲ့ ရက်စက်ဖွယ် အမှန်တရားများ

346

လက်ရှိအချိန်မှာ မြန်မာနိင်ငံ အနှံ့အပြားမှာ ကလေးခိုးယူမှု သတင်းတွေ အင်တာနက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ တချို့ဒေသ မြို့နယ်တွေမှာလည်း ကလေးသူခိုးတွေကိုဖမ်းမိတဲ့ ရုပ်သံတွေအများအပြားကိုလည်း တွေ့ရှိကြရမှာဖြစ်ပါတယ်နော်။

အတည်မပြုနိုင်တဲ့ သတင်းတစ်ပုဒ်အရ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ဘက်မှာ ဖမ်းမိခဲ့တဲ့ ကလေးသူခိုး (၅) ဦးထဲက ရှမ်းလေး(ခ) အိုက်ပု က စစ်ဆေးမေးမြန်းတဲ့အခါမှာ ကလေးခိုးဖို့အတွက် ကလေးခိုးတဲ့ ဂိုဏ်တွေရှိတယ်လို့ ဆိုပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံက ကျောက်ကပ် ကလီစာ အစားထိုးခွဲစိတ်ကုသတဲ့ မှောင်ခိုဆရာဝန်တွေဆီကို ဒီကလေးတွေကို တင်ပို့ရောင်းချတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ကလေးခိုးတဲ့ နည်းကတော့ ဓါတုဗေဒစီမံထားတဲ့ အရုပ်တွေ ကို ကလေးတွေ လိုချင်စရာလေးဖြစ်အောင် ကလေးတွေမြင်မယ့်နေရာမှာချထားတာဖြစ်ပြီးတော့ ဒီအရုပ်ကို ကိုင်မိပြီး ဓာတုဗေဒဆေးထိမိတဲ့ ကလေးတွေကို အသိဉာဏ်ပျောက်ဆုံးစေတယ်လို့ ဆိုပါတယ်။

ဒီကလေးတွေကိုတော့ တရုတ်ပြည်ဈေးကွက်မှာ ကျောက်ကပ်တစ်စုံကို ယွမ် ငါးထောင်ကနေ နှစ်သောင်းထိ ပေါက်းဈေးရှိပြီးတော့ ၊ အသည်းကတော့ ယွမ်တစ်သောင်းခွဲက နေ ငါးသောင်းအထိ ပေါက်ဈေးရှိတာကြောင့် လည်း မြန်မာနိုင်ငံက အလုပ်လက်မဲ့ လက်ရဲဇာတ်ရဲသမာတွေဟာ ကလေးတွေကို ခိုးယူကြတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့နော်။ မိမိကလေးကို ဂရုစိုက်တာကတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ရာရောက်လို့ မိဘများ အားလုံး သတိထားနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Writer – SMT( Shwe Yaung Lan)