ပျဉ်းမနားမြို့မှာ အမှိုက်ကောက်တဲ့ သူတိုင်း ကို အမှိုက် တစ်ထုပ် = အင်္ကျီတစ်ထည် နဲ့ လဲပေးနေတဲ့ အစီအစဉ်

185

လက်ရှိမှာ ကမ္ဘာကြီးရဲ့ စိမ်းလန်းစိုပြေမှုနဲ့ ရေလွှာတွေကို စိန်ခေါ်နေတဲ့ ကိစ္စတစ်ရပ်ကတော့ လူတို့ သုံးစွဲပြီး လွင့်ပစ်တဲ့ ပလက်စတစ်အိတ်တွေပဲ ဖြစ်ပါတယ်။ ပလက်စတစ်တွေဟာ မြေလွှာထဲမှာလည်း နှစ်ပေါင်းများစွာ မပျက်စီးသလို ၊ ရေမျက်နှာပြင်အောက်မှာလည်း ဆွေးမြေ့ပျက်စီးခြင်းမရှိတာကြောင့် ရေနေသတ္တဝါတွေနဲ့ ကမ္ဘာ့ရေလွှာကို ခြိမ်းခြောက်နေတဲ့ အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ ဒီပြဿနာကိုတော့ မြန်မာနိုင်ငံတစ်ခုတည်း ခံစားနေရတာမဟုတ်ပဲနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ခံစားနေကြရတာပါ။

ဒါပေမယ့် နိုင်ငံတော်တော်များများမှာတော့ ပလက်စတစ် သုံးစွဲမှု လျော့ချရေးကို အစိုးရကိုယ်တိုင် ဦးစီးပြီး လုပ်ကိုင်ဆောင်ရွက်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာတော့ လုပ်ဆောင်သူ မရှိသလောက်ပါပဲ။ တစ်နေ့ကို တန်ချိန်များစွာ သံးုစွဲနေတဲ့ပလက်စတစ်အိတ်တွေ ၊ ဘာလေးဝယ်ဝယ် ပလက်စတစ်နဲ့သာ ထုပ်ပိုးပြီး အလကားလည်း ရနေတာကြောင့် ပလက်စတစ်ဟာ လမ်းတိုင်းမှာ လူမိုက်တွေအလား တွေ့မြင်နေကြရမှာပါ။

အခုတော့ ပျဉ်းမနားမြို့က မျှဝေသော လက်များ ပရဟိတ အဖွဲ့က အမှိုက်နဲ့ အကျီးလဲလှယ်ရေး အစီစဉ်တစ်ခုကို ကြေငြာလိုက်ပါတယ်။ ဒီအစီအစဉ်အရ အမှိုက်တစ်ပိဿာပေးနိုင်သူကို ကြိုက်နှစ်သက်ရာ အကျီတစ်ထည် နဲ့ လဲလှယ်တဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ၁၂ လပိုင်း ၁ ရက်နေ့က နေ စတင်နေပြီဖြစ်ပြီးတော့ ပျဉ်းမနားမြို့ ၊ တောင်သာဓမ္မာရုံကနေ စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်ကူညီဆောင်ရွက်လိုသူတွေ အနေနဲ့ ဒေါက်တာ ပေါ်မြင့်ဦး ၀၉-၇၉၇၉၃၆၀၇၇ ၊ ဦးကျော်သူရ ၀၉-၅၁-၄၇၈၃ကို ဆက်သွယ်နိုင်ပါတယ်။

အင်မတန်ကောင်းပါတယ်နော်။ ဒါဟာ ပေါ်ပင် မဟုတ်ပါဘူး။ မျှဝေသောလက်များ ပရဟိတ အသင်းဟာ အမြဲတမ်း အမှိုက်ကို တန်ချီရာ ထောင်ချီပြီး မီးရှို့တာတွေ ရှင်းလင်းပေးတာတွေကိုလည်း အမြဲလုပ်ဆောင်ခဲ့တဲ့ အသင်းဖြစ်သလို ၊ ကျန်းမာရေး ဆိုင်ရာ ပရဟိတကိုလည်း အမြဲလုပ်ဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။ဒါတင် မကပါဘူး။ Human Resource ဆိုင်ရာ သင်တန်းများ ၊ သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကိုလည်း အမြဲတမ်း အခမဲ့ပေးနေခဲ့တာကြာပါပြီ။

အခုလို အမှိုက်နဲ့ အကျီလဲလှယ်မည့် အစီအစဉ်ကတော့ အင်မတန်မှကို ကောင်းမွန်ပြီးတော့ မြို့ရွာအလိုက်မှာလည်း မြို့နယ်တစ်ခွင် အမှိုက်ကင်းစင်ရလေအောင် ပရဟိတအသင်းများက ဆောင်ရွက်နိုင်ကြစေဖို့အတွက် ရွှေရောင်လမ်း စာမျက်နှာမှ ဂုဏ်ယူစွာတင်ဆက်လိုက်ရပါတယ်။

Writer – SMT( Shwe Yaung Lan)