မိဘနှစ်ပါး ဆုံးသွားလို့ အသီးအရွက် စိုက်ပြီး တစ်ဦးတည်း ရုန်းကန်နေရတဲ့ (၁၀) နှစ်ကလေး

68

အသက် (၁၀) နှစ်အရွယ်၊ ကောင်လေး တစ်ဦးဟာ မိဘရော အဘိုးအဘွားရော မရှိတော့တာမို့လို့ အသီးအရွယ် စိုက်ပြီး တစ်ယောက်တည်း ရုန်းကန်နေရတာပါ။

သူ့ကို သူ့အဖေ နဲ့ သူ့အဘွားတို့က ကြည့်ရှုခဲ့ပေမဲ့လည်း ရှေ့နောက် သေဆုံးခဲ့ကြပါတယ်။ ကလေးရဲ့ နာမည်က Dang Van Kyuyen ဖြစ်ပြီး သူဟာ အရင်က မိသားစု အစုံအလင်နဲ့ အတူ ဗီယက်နမ်နိုင်ငံမှာ အတူ နေခဲ့ကြပါတယ်။

သူဟာ ဗီယမ်နမ်နိုင်ငံက ရွာလေး တစ်ရွာမှာ သူ့ရဲ့ အဘွားနဲ့ အတူ နေပြီး၊ သူ့ရဲ့ အဖေက သူတို့နဲ့ ခွဲနေခဲ့ပါတယ်။ ငယ်ငယ်လေး ကတည်းက သူ့ရဲ့ အမေ နဲ့ သူ့ရဲ့ အဘိုးဟာ သေဆုံး သွားခဲ့ကြပြီး သူ့ရဲ့ အဘွားနဲ့သာ နေထိုင်ရပါတယ်။

ကလေးဟာ သူ့ရဲ့ အဘွားနဲ့ အတူ နေပြီး၊ တစ်ခါတစ်လေ သူ့ရဲ့ အဖေက သူ့ကို ပိုက်ဆံ ပို့ပေးခဲ့တာကြောင့် ပြေပြေလည်လည်လေးတော့ ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ မကြာသေးခင်က သူ့ရဲ့ အဘွား သေဆုံးသွားခဲ့ပြီး တစ်ယောက်ထည်း နေထိုင်ခဲ့ရပါတယ်။ သူ့ရဲ့ အဘွား သေပြီး ရက်အနည်းငယ် အကြာမှာ သူ့ရဲ့ အဖေ ဆုံးခဲ့ပါတယ်။

သူဟာ ကျောင်းမှာ ရှိနေတုန်း သူ့ရဲ့ အဖေ အလုပ်မှာ မတော်တဆ ဖြစ်လို့ သေသွားတာကို သိသွားခဲ့ပါတယ်။ သူ့ရဲ့ အဖြစ်ဆိုးဟာ အလွန်ကို နာကျင်စရာ ကောင်းပြီး၊ အခု တစ်ယောက်တည်း နေထိုင်နေပါတယ်။

Dang Van Khuyen ဟာ အသက် (၁၀) နှစ် အရွယ်သာ ရှိနေသေးပေမဲ့ သူ့ရဲ့စိတ်ကို အနိုင်ယူပြီး အခု ကျောင်းကို ပုံမှန် သွားတတ်နေပါတယ်။

သူ့ရဲ့ ကျောင်းက သူ့ရဲ့ အကြောင်းကို သိရှိသွားတဲ့ အချိန်မှာ သူ့အတွက် အိမ်ရှာပေးမယ်လို့ ပြောခဲ့ပြီး သူက ငြင်းပယ်သွားခဲ့ပါတယ်။ အခုက သူဟာ သူ တစ်ယောက်တည်း နေထိုင်ပြီး၊ သူ့ရဲ့ အကြောင်းကို သူ့ရဲ့ ကျောင်းဆရာက တင်ခဲ့တာပါ။

Ko Khant ( D Nae Khit Media )