အိန္ဒိယတပ်မတော် ထမင်းစားဆောင်အတွင်း ဆင်တစ်ကောင် ဝင်သောင်းကျန်း

49

အိန္ဒိယနိုင်ငံ၊ Bengal မှာ Hashimara Army တပ်မတော်ရဲ့ ထမင်းစားဆောင်အတွင်းကို တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်သောင်းကျန်းခဲ့တဲ့အတွက် အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတယ်လို့ သိပါတယ်။ ဒီအကြောင်းကို DailyStar သတင်းစာက ဖော်ပြထားတာဖြစ်ပြီး-

AlinnMyay ကနေ ဘာသာပြန်တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဆင်ကြီးဟာ ဒေါသကြီးမုန်ယိုနေပုံရပြီး၊ ကန်တင်းထဲကရှိတဲ့ ခုံတွေကို နှာမောင်းနဲ့ရမ်းလိုက်၊ ခြေထောက်နဲ့ကန်လိုက်နဲ့ လူကိုတောင် ရန်မူလိုဟန် ပြနေပါတယ်။ စစ်သားတစ်ဦးက မီးတုတ်နဲ့ ဆင်ကြီးကို မောင်းထုတ်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ မီးတုတ်ခပ်ကြီးကြီးကိုကိုင်ပြီး ဆင်ကြီးကို မောင်းထုတ်ခဲ့ရာ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် တပ်တွင်းမှာ ထပ်မံသောင်းကျန်နေလို့ ဆက်ပြီးတော့ မောင်းထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ အခင်းဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဗွီဒိယိုဖိုင်ဟာ ကြည့်ရှုသူ တစ်သန်းလောက် ရှိခဲ့ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)