(၁၈)လွှာကနေ လေထီးနဲ့ခုန်ချပြီး အဆန်းထွင်ခဲ့တဲ့ အမျိုးသား

56

အမျိုးသားတစ်ယောက်ဟာ ဘယ်လို ရည်ရွယ်ချက်ကြောင့်တော့ မသိ၊ (၁၈)လွှာအမြင့်ကနေ လေထီးနဲ့ခုန်ချခဲ့ပါတယ်။ တကယ်ဆို ဓာတ်လှေကားတွေ ရှိနေပါလျှက်နဲ့ သူဟာ အဆန်းထွင်တာလေလား စဉ်းစားစရာပါ။ ဒီအကြောင်းကို LadBible ကနေ ဖော်ပြထားတာပါ။

ဒီသတင်းလေးကို AlinnMyay ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ အဲဒီအမျိုးသားဟာ လန်ဒန်မြို့က (၁၈)လွှာအဆောက်ဦတစ်ခုကနေ အခုလို ခုံချခဲ့တာပါ။ သူရဲဲ့လုပ်ရပ်နဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်တွေဟာ လူမှုကွန်ရက်မှာ များစွာ ပျံ့နှံ့နေပါတယ်။

တကယ်တော့ သာမန်အားဖြင့် ဒီလောက်အမြင့်ကနေ လေထီးကို အသုံးပြုပြီးခုန်ချတာဟာ အန္တရာယ်လည်း အလွန်များပြီး၊ တရားဥပဒေအရလည်း ခွင့်လွှတ်လို့မရပါဘူး။ သူဟာ ကံကောင်းထောက်မစွာနဲ့ မည်သည့်အန္တရာယ်မှမရှိ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

တစ်ချို့ကလည်း ဒီအမျိုးသားဟာ Grand Theft Auto ဂိမ်းကို အဆော့များလို့ ဒီလို ရူးကြောင်မူကြောင်လုပ်ရပ်ကို လုပ်တာဖြစ်လိမ့်မယ်လို့ ဆိုနေကြပါတယ်။ သူဟာ Eclipse Towers ကနေ ခုန်ချခဲ့တာဖြစ်ပြီး၊ တစ်စုံတစ်ခု ထိခိုက်ဒဏ်ရာ မရခဲ့တာကတော့ ကံကောင်းတယ်လို့ ဆိုရမှာပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)