၂၀၁၉ ဒီဇင်ဘာလ တစ်လလုံးစာ စနေ သားသမီး များ အတွက် ဗေဒင်ဟောစာတမ်းနှင့် ယတြာများ

58

ဒီဇင်ဘာ(၃) AlinnMyay(အလင်းမြေ)

AlinnMyay(အလင်းမြေ) မီဒီယာ ကို ဖတ်ရှု့ကြ ကုန် သော ၇ ရက် သား/သမီးများ အတွက် ဆရာ သိင်္ခမောင်မှ နလုံး စိတ်ဝမ်း ချမ်းသာကြ ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ် ပါသည် ။

စနေ သား/သမီး များ အတွက် ၊ သိင်္ခမောင် ဗေဒင် ယတြာ ဟောစာတမ်း ………

၂၀၁၉ ဒီဇင်ဘာလတွင် စနေ သား/သမီးများသည် မိမိ နာမည် ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်သောသူနင့် တွေ့ရတတ်သည် ။ မိမိ မကောင်းကြောင်း မိမိ ပါတ်ဝန်း ကျင်မှာ အပြောခံ ရမည် ။ ဂုဏ်သိက္ခာကျ ဆင်းတတ်သည်။

ကောင်းသောခရီးကို သူများ ဦးဆောင်မှု့နောက်က လိုက် ရမည် အဖော် အဖြစ်သွားရမည်။

ဆရာကောင်းတွေ့မည်။မိတ်ဆွေ ပူဇော် မစခြင်းခံရမည် ။

မိတ်ဆွေများနင့် စပ်တူ ရှယ်ယာ လုပ်ပါ အောင်မြင်မည်။

အိမ်ထောင်ပြိုကွဲ တတ်ပြီး ပြန်လည် တမ်းတ လွှမ်းစွတ် သောကြောင့် ပြန်လည် ခေါ်ယူချင်မိတတ်သည် ။

သားသမီး လက်အောက် ငယ်သားများ အတွက် စိတ်ပူ ပန်သောက ဖြစ်ရမည် ။

စက်ဘီး ရှိရင် ပျောက်တတ်သည် ။ ပျက်စီးတတ်သည် ။

ဆေးမှား ဆေးသောက်မှားတတ်သည် ။ အထူးသတိ ထား ရပါမည် ။

တနင်္လာ သားသမီးရှိသော် ထိုသူမှ ရွှေကောက်ရတတ် ပါသည် ။

အိမ်မှ ထွက်သွားတတ်သည် ။ ကားနင့် ထိခိုက် ဒဏ်ရာ ရတတ်သည် ။ ငွေကုန်များတတ်သည် ။ ကားအသစ် ဝင် သော် ကောင်း၏။

အပြင်သူများအနှောက်အယှက်ကြောင့် အိမ်ထောင် ပြိုကွဲ ခြင်း ၊ အလုပ်ပြုတ်ခြင်း ၊ အလုပ်နေရာ ပြောင်းရခြင်း ကြုံရ မည် ။ လက်ရှိ အလုပ်မှာပဲ စိတ်ရှည်သီးခံကာ အဆင်ပြေ အောင် ကြိုးစားသင့်ပါသည် ။

ယတြာ ဆန် ၁၃ ပြီး လျူဒါန်းပါ ၊ စာကလေး လွှတ်ပေးပါ။

ယခု လတွင် လာဘ်ပွင့် စေသော ပန်းမြတ် မာလာမှာ နင်းပန်း နင့် ဂန္တမာ ပန်း တို့ ဖြစ်ပါသည် ။

ကံကောင်း စေသော အဆောင် ကျောက်များ မှာ ခရမ်းစွဲ နင့် ရွှေတွင်းဝါ ကျောက်တို့ ဖြစ်ပါသည် ။

လာဘ်ပွင့် စေသော အဝတ်အစား အရောင်များမှာ မီးခိုး ရောင် နငိ့ အစိမ်းရင့် ရောင်တို့ ဖြစ်ပါသည် ။

ယခု လ အတွက် အကျိုးပေး စေသော ဂဏန်းများမှာ ၂ ၊ ၈ ၊ ၆ တို့ ဖြစ်ပါသည် ။

အထူး ယတြာမှာ မိမိ လုပ်သော အလုပ်နေရာတွင် သန့်ရှင်း အောင် ထားပါ ၊ သန့်ရှင်းရေး အမြဲ လုပ်ပေးပါ ။ဘုန်းကြီး ကျောင်း ကုဌီ အိမ်သာကို ရေဖြည့်ပါ ၊ ရေဆေးခြင်းများ ပြု လုပ်ပါက ကံကြမ္မာ အထောက် အပ့ံကောင်း ရစေပါသည် ။

AlinnMyay(အလင်းမြေ) သတင်းမီဒီယာကို ဖတ်ရှု့ကြကုန်သော ခုနစ် ရက် သားသမီးများ ချစိသူ ခင်သူ ပေါများပါစေ၊ ဝင်ငွေ လာဘ် လာဘများ ဝင်လာမဆဲ တသဲသဲ ဖြစ်ကြပါ စေ ကြောင်း ကျွန်ပ် သိင်္ခမောင်မှ ဆုတောင်း မေတ္တာ ပို့သ အပ် ပါသည် ။

ဆရာ သိင်္ခမောင် သိင်္ခမင်းခေါင်ဓာတ်ခန်း (ပြည်မြို့ ) ဖုန်း – ၀၉၆၇၈၃၃၅၅၅၉

#AlinnMyay(အလင်းမြေ) #ဗေဒင်ကဏ္ဍ