မြန်မာ့ ဂုဏ်ဆောင် ကြက်တောင် အားကစားမယ် သက်ထားသူဇာ ဖီလစ်ပိုင်နိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်

50

ဒီဇင်ဘာ(၃)၊AlinnMyay(အလင်းမြေ)

ဖိလစ်ပိုင် ဆီးဂိမ်းမှာ ကျင်းပမည့် SEA GAMES 2019 အမျိုးသမီး ကြက်တောင် တစ်ဦးချင်း (Women Singles) ပြိုင်ပွဲ အမျိုးအစားကို မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် ဒီနေ့ ဒီဇင်ဘာလ(၄) ရက်နေ့ နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါယှဉ်ပြိုင်ကစားပွဲကို ဒီဇင်ဘာလ (၅) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာနှင့် တွယ်တာဦးတို့ သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်းသိရသည်။

သတင်း ဓာတ်ပုံ – Thet Htar Thuzar’FB

#AlinnMyay(အလင်းမြေ) #သက်ထားသူဇာ #ကြက်တောင်အားကစား