အလုပ်သင်ဒေါက်တာရဲ့ မကျွမ်းကျင်မှုကြောင့် အပ်ထိုးရာပရဗွ ဖြစ်ခဲ့ရတဲ့ကလေး

65

ဒေါက်တာတွေရဲ့အလုပ်ဆိုတာ ကမ္ဘာပေါ်မှာ အခက်ဆုံးအလုပ်တွေထဲမှာ ပါဝင်ပါတယ်။ သူများအသက်ကို ကိုယ့်အသက်လို သဘောထားပြီး ကာကွယ်ရတာဟာ ဘယ်လောက် ခက်ခဲလေမလဲ တွေးကြည့်လို့ရပါတယ်။ တစ်ခါတလေမှာ ဆေးသွင်းဖို့ အကြောရှာရတာက ထင်သလောက် မလွယ်ပါဘူး။

အခုလည်း ကလေးငယ်တစ်ဦးရဲ့ မိဘတွေဟာ ကလေးလက်မှာ အပ်ရာတွေ ပရဗွဖြစ်နေလို့ တာဝန်ယူကုသခဲ့တဲ့ဒေါက်တာကို လူမှုကွန်ရက်မှာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကလေးမိဘတွေဘက်က ကြည့်ရင်လည်း ဒီကိစ္စမျိုးဆိုတာ နားလည်ပေးဖို့ ခက်ခဲပါတယ်။

ဒီလိုပဲ ဒေါက်တာဘက်က ကြည့်ရင်လည်း သူတို့မှာ စောစောက ပြောသလို အခက်အခဲတွေ ဖိအားတွေ အများကြီး ခံစားရပါတယ်။ အခုဒေါက်တာကတော့ အလုပ်သင်ဒေါက်တာ ဖြစ်ခြင်းကြောင့် လက်တွေ့ဆင်းရတဲ့အခါ သူ့အတွက်တော့ အရေးကြီးဆုံး စာမေးပွဲကို ဖြေရတာနဲ့ တူနေမှာပါ။

ဒီအဖြစ်အပျက်ဟာ မလေးရှားလူမှုကွန်ရက် Group တစ်ခုမှာ စတင်ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာရဲ့ မကျွမ်းကျင်မှုကြောင့် ကလေးမှာ အပ်ရာတွေဟာ ဒါဇင်နဲ့ချီရှိနေပြီး၊ လူကြီးတစ်ယောက်အတွက် ခံနိုင်ရည်ကြောင့် မပြောပလောက်ပေမယ့် ကလေးအတွက်တော့ အလွန်ခံရခက်မှာပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)