ချစ်သူကို အသည်းနင့်အောင်ချစ်တတ်တဲ့ ယောကျ်ားလေးတွေရဲ့ အပြုအမူ(၅) မျိုး

111

မိန်းကလေးတွေထဲမှာ ချစ်သူရဲ့ အသည်းနင့်အောင် အချစ်ခံရတဲ့သူတွေဟာ ကံအကောင်းဆုံးသူတွေဖြစ်ကြပါတယ်။ ကိုယ့်ချစ်သူကို အသည်းနင့်အောင်ချစ်တဲ့ ယောကျ်ားလေးတစ်ယောက်လားဆိုတာ ဒီအချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ တကယ်လို့ သင့်ချစ်သူနဲ့ ဒီအချက်တွေနဲ့တိုက်ဆိုင်နေတယ်ဆိုရင်တာ့ သင့်ကို သင့်ချစ်သူက အသည်းနင့်အောင်ချစ်တယ်ဆိုတာ သိလိုက်ပါတော့

(၁) အမြဲအလိုလိုက်တယ်

သင့်ချစ်သူဟာ သင်ပြောတဲ့ အရာတိုင်းကို လက်ခံပြီး သင်တောင်းဆိုသမျှကို အလိုလိုက်မှာပါ။ သင်ဖြစ်စေချင်တာတွေအကုန် လုပ်ပေးပြီး ကိစ္စတော်တော်များများမှာ သင့်ရဲ့ သဘောထားတွေကို ရှေ့တန်းတင်မယ့် သူမျိုးြ်ဖစ်ပါတယ်။ သင့်မျက်နှာညှိုးမှာထက်စာရင် သူ့ရဲ့ဆန္ဒတွေကို ချိုးနှိမ်ထားတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်ကို အသည်းနင့်အောင်ချစ်လို့ပါ

(၂) အမြဲတမ်း စတောင်းပန်တယ်

သမီးရည်းစားတိုင်း ရန်ဖြစ်စိတ်ကောက်တတ်တဲ့ အချိန်တွေရှိပါတယ်။ ဒီလိုအချိန်တွေမှာ တော်တော်များများဟာ မာနတွေပြိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးချင်ကြပါဘူး။ ဒါပေမယ့် သင့်ချစ်သူဟာ သင်တို့ ကတောက်ကဆဖြစ်တိုင်း သူ မမှားလည်း သူ့ဘက်ကစပြီးတောင်းပန်တယ်၊ သူ့မာနတွေကို ချိုးနှိမ်ပေးတယ်၊ သင့်ကို အမြဲစချော့တယ်ဆိုရင်တော့ သင့်ကို အသည်းနင့်အောင်ချစ်လို့ဖြစ်ပါတယ်။

(၃) ဘယ်တော့မှမဖောက်ပြန်ဘူး

သင့်ချစ်သူဟာ သင့်ကို အရမ်းဂရုစိုက်ချင်မှစိုက်မယ်၊ အရမ်း သဲသဲလှုပ်ချင်မှလှုပ်မယ်၊ ဒါပေမယ့် သင့်ရှေ့မှာရော နောက်ကွယ်မှာရော ဘယ်တော့မှ မဖောက်ပြန်တဲ့သူမျိုးပါ။ သင့်တစ်ယောက်တည်းကိုပဲ စိတ်ထဲမှာထားပြီး သင့်တစ်ယောက်တည်းကိုပဲ ချစ်နေတဲ့သူမျိုးပါ။ တကယ်လို့ သင့်ချစ်သူဟာ ဒီလိုလူမျိုးဆိုရင်တော့ သင့်ကို အသည်းနင့်အောင်ချစ်နေလို့ဖြစ်ပါတယ်

(၄) သင့်အတွက်အမြဲတမ်းအဆင်သင့်ပဲ

သင့်ချစ်သူဟာ ပြည့်စုံချင်မှပြည့်စုံမယ်၊ ဒါပေမယ့် သင့်အတွက်ဆို အမြဲတမ်း အဆင်သင့်ရှိနေတတ်တဲ့သူမျိုးပါ။ သင်တကယ် အခက်အခဲတွေကြုံလာတဲ့အခါတွေ၊ ဒုက္ခရောက်နေတဲ့အချိန်တွေမှာ သင့်အတွက် မားမားမတ်မတ် ရပ်တည်ပေးတဲ့သူမျိုးပါ။ အမှားတစ်စုံတစ်ရာလုပ်မိရင်တောင် အဆုံးထိတာဝန်ယူသွားမယ့်သူမျိုးပါ။ ဒီလိုလုပ်ရတာဟာလည်း သင့်ကို အသည်းထဲနစ်နေအောင်ချစ်လို့ပါ

(၅) သင့်ကို အမြဲတမ်းညှာတာတယ်

သင့်ကို တကယ်ချစ်တဲ့ယောကျ်ားဟာ သင့်အပေါ်မှာ ဘယ်တော့မှ ရက်စက်မှာမဟုတ်ပါဘူး။ သင့်ကို နာကျင်စေမယ့်၊ ထိခိုက်စေမယ့် အရာတွေကို သူလုပ်မှာမဟုတ်ပါဘူး။ ရန်ဖြစ်တဲ့အချိန်တွေ၊ ဒေါသထွက်တဲ့အချိန်တွေမှာတောင် သင့်နစ်နာစေမယ့် အပြောအဆို အပြုအမူတွေကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ အကြောင်းကတော့ သင့်ကို အသည်းထဲနစ်အောင်ချစ်လို့ပါ။

credit:auntymay