မန္တလေးမှာ ဒီနေ့ ဖြစ်တဲ့ အချုပ်ကားအား ဆိုင်ကယ် ဝင်တိုက်မှု ဖြစ်ရပ်

70

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်းပေါ် ၆၅ လမ်းနှင့် ၆၆လမ်းကြားတွင် ယနေ့ ဒီဇင်ဘာ ၃ရက် နံနက်က တိမ်းမှောက်နေသည့် အချုပ်ကားအား နောက်မှ ကပ်ပါလာသည့် ဆိုင်ကယ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ အချုပ်သားများနှင့် ဆိုင်ကယ်မောင်းသူ အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပို့ဆောင်ရန် အချုပ်သား ၁၈ ဦး တင်ဆောင်လာသည့် အချုပ်ယာဉ်သည် ကျောက်ဆည်မြို့မှ ထွက်ခွာလာခဲ့စဉ် လမ်းတွင် ယဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ၌ မန္တလးမြို့နေ ဘဏ်ဝန်ထမ်းအမျိုးသမီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှလည်း ၄င်းအချုပ်ကား အနောက်မှ ကပ်၍ မောင်းနှင်လာမှုကြောင့် အချုပ်ကားအား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အချုပ်ကားပေါ်ပါ အချုပ်သား ၁၈ ဦး အနက် ခုနစ်ဦးနှင့် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ၄င်းယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ် ၁ နယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဖြူရောင် I See Media

တိမ္းေမွာက္သည့္ အခ်ဳပ္ကားအား ဆိုင္ကယ္ ဝင္တိုက္မႈ ျဖစ္ ၊ လူ ရွစ္ဦး ဒဏ္ရာရ

မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၂၆ လမ္းေပၚ ၆၅ လမ္းႏွင့္ ၆၆လမ္းၾကားတြင္ ယေန႔ ဒီဇင္ဘာ ၃ရက္ နံနက္က တိမ္းေမွာက္ေနသည့္ အခ်ဳပ္ကားအား ေနာက္မွ ကပ္ပါလာသည့္ ဆိုင္ကယ္မွ ဝင္ေရာက္တိုက္မိမႈျဖစ္ပြားခဲ့ရာ အခ်ဳပ္သားမ်ားႏွင့္ ဆိုင္ကယ္ေမာင္းသူ အပါအဝင္ ရွစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မႏၱေလးအိုးဘို အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ရန္ အခ်ဳပ္သား ၁၈ ဦး တင္ေဆာင္လာသည့္ အခ်ဳပ္ယာဥ္သည္ ေက်ာက္ဆည္ၿမိဳ႕မွ ထြက္ခြာလာခဲ့စဥ္ လမ္းတြင္ ယဥ္တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ရာ၌ မႏၱလးၿမိဳ႕ေန ဘဏ္ဝန္ထမ္းအမ်ိဳးသမီး ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္မွလည္း ၄င္းအခ်ဳပ္ကား အေနာက္မွ ကပ္၍ ေမာင္းႏွင္လာမႈေၾကာင့္ အခ်ဳပ္ကားအား ဝင္ေရာက္တိုက္မိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အခ်ဳပ္ကားေပၚပါ အခ်ဳပ္သား ၁၈ ဦး အနက္ ခုနစ္ဦးႏွင့္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသမီးတို႔ ထိခိုက္ဒဏ္ရာ ရရိွခဲ့သျဖင့္ မႏၱေလးေဆးရံုႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္းႏွင့္ ၄င္းယာဥ္တိုက္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမွတ္ ၁ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးလ်က္ရိွေၾကာင္း သိရသည္။

အျဖဴေရာင္ I See Media