လူကုန်ကူးခံထားရသူ မဝင်းမြတ်သူ ရဲ့ မိခင်အား ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်း

58

စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းတိုက်နယ် ကင်းကျေးရွာမှ တရုတ်ပြည်သို့ လူကုန်ကူးခံထားရသူ မဝင်းမြတ်သူရဲ့ မိခင် ဒေါ်ချိုအား စစ်ကိုင်းမြို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကြီးမှ ထောက်ပံ့ငွေ လေးသိန်း (၄၀၀၀၀၀) ကျပ် အား ဒီဇင်ဘာလာ (၁) ရက်နေ့ တွင် ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် နှင့် မဝင်းမြတ်သူ အမှုအားလိုက်ပါကူညီနေသူ ဦးအောင်မြတ်မင်း တို့ ရှေ့တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ (၂) ရက်နေ့တွင်လည်း ဦးအောင်ကြီး မှ လူကုန်ကူးခံထားရသူ မဝင်းမြတ်သူရဲ့ မိခင် ဒေါ်ချိုအား ထောက်ပံ့ငွေ တစ်သိန်း (၁၀၀၀၀၀) ကျပ်ကို ထပ်မံ ပေးအပ် လှူဒါန်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးမှုဖြစ်စဉ်မှာ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် စတင်သိရှိခဲ့ရသော လူကုန်ကူးခံရမှု ဖြစ်စဉ်တစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်း မင်ကွန်းတိုက်နယ် ကင်းကျေးရွာ မှ မိခင်ဖြစ်သူဒေါ်ချိုချိုရဲ့ သမီး မဝင်းမြတ်သူ (၁၄) နှစ်အား အမရပူရမြို့နယ် ရွှေကြက်ယက်ရွာမှာနေတဲ့ ယောင်းမ တော်စပ်သူ မစန်းမူ ဆိုသူထံ လဖက်ရည်ဆိုင်မှာထားပေးမယ်ဆိုပြီး ခေါ်သွားရာမှ တရုတ်ပြည်ကို အိမ်အကူလုပ်ရန်ဆိုပြီး မိခင် ဖြစ်သူ ဒေါ်ချို မသိရှိပဲ ရောင်းစားခံခဲ့ရတဲ့ ကိစ္စအား မိခင်ဖြစ်သူမှ နိုဝင်ဘာ(၂၇) ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှ ပြန့်နှံ့လာတဲ့ ဗွီဒီယိုဖိုင်ကိုတွေ့ရှိရာမှ သိရပြီး မစန်းမူ နေထိုင်တဲ့ အမရပူရမြို့နယ် ရဲစခန်းကို သွားရောက် အမူဖွင့်တိုင်ကြားကာ နိုဝင်ဘာ ၂၈ ရက် ၂၀၁၉ တွင် အမရပူရ ရဲစခန်းမှ လူပျောက် အမှတ်စဉ် (၂၃/၂၀၁၉) ဖြင့် အမှုလက်ခံ ဖွင့်ပေးခဲ့ပြီး မန္တလေးမြို့ အမှတ်(၁၁) လူကုန်ကူးမှု ထားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ ဆက်လက်တိုင်တန်းခဲ့သော ဖြစ်စဉ်တစ်ခုဖြစ်သည်။

အဆိုပါ လူကုန်ကူးခံရသော မဝင်းမြတ်သူ ရဲ့ မိခင် ဒေါ်ချိုမှာ စီးပွားရေးမရှိ၊ စားဝတ်နေရေးကတစ်ဖက်၊ သမီးအတွက် ပူပင်သောကများနှင့် ဒုက္ခအတိတွေ့နေချိန်မှာ စစ်ကိုင်းမြို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ကြီးမှ စုစုပေါင်း ထောက်ပံ့ငွေ (၅၀၀၀၀၀) ငါးသိန်းအား ပေးအပ်ထောက်ပံ့ခဲ့ခြင်းကြောင့် မိသားစုဝင်များနှင့် လိုက်ပါကူညီပေးနေသူများရဲ့ကိုယ်စား AlinnMyay(အလင်းမြေ) မီဒီယာမှ အထူးပင် လေးစားစွာ ကျေးဇူးတင်ရှိပါသည်။

အခြားအခြားသော အလှူရှင်များလည်း ဒေါ်ချိုအတွက် ထောက်ပံ့လှူဒါန်းငွေများ ပေးအပ် လှူဒါန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်း ထောက်ပံ့နိုင်ပါကြောင်း AlinnMyay(အလင်းမြေ) မီဒီယာမှ လေးစားစွာ အသိပေးနှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန် ……

ဦးမြင့်လွင် (ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး) – 09451342100

ဦးအောင်မြတ်မင်း (လိုက်ပါ ကူညီပေးနေသူ) – 09752603500 ၊ 09252120353

သတင်း ဓာတ်ပုံ – ကိုအောင်မြတ်မင်း #AlinnMyay(အလင်းမြေ)