မိမိလိုချင်သောအရာကို မှန်းပြီး မန္တန်ကိုသာ ရွတ်ဆိုလိုက်ပါ

95

အလိုရှိသော လာဘ်ပစ္စည်း ရစေသော ဂါထာ နင့် ကျွန်ုပ် မင်းသီဟကျော်

ဆရာ ကျွန်တော် တားရော့ထုတ် လိုချင်တယ် ၊ လိုချင်တာမှ အပေါစား အရောင်အသွေး မစုံတာလဲ မလို ချင်ဘူး ၊ ဟို ဗျာ ကလေး ကုလား နဲ့ ဖီး မလာ တဲ့ ဟာလဲ မလိုချင်ဘူး ၊ တန်ကျေးရှိပြီး ၊ ကိုင်လိုက်တာနဲ့ ကိုယ့်ဖာသာ အာ ရုံ လာတာလဲ ဖြစ်ရမယ် ၊ အရောင် အသွေး စုံ တော့ တစေ့ စေ့ ကြည့်ပြီး စိတ်အာရုံ ပွင့်လန်း စေတဲ့ တားရော့ မျိုး လိုချင်တာ ဆရာရဲ့ ။

ပြီးတော့ .. တားရော့အခင်းလေးရော ၊ တုတ်၊ ခွက်၊ ဒါး

ကြယ် လို့ ခေါ်တဲ့ အဆောင် အယောင် တွေလဲ လိုသေးတယ် ဆရာရဲ့ ၊ အဆောင် အယောင် ဆိုတာ ကလဲ တုတ် ဆိုရင် လဲ ကျတော့် ရာဇ မှာ ရှိတဲ့ အသားနဲ့ ပြုလုပ်ထားတဲ့ တုတ်မျိူးပေါ့ ဆရာရယ် ။

ဒီ တုတ် ဆိုတဲ့ အဆောင် အယောင်ကို ကိုင်လိုက် တာနဲ့ ရာဇ မာန်တွေ တဖွားဖွား ပေါ်ပေါက် လာစေတဲ့ ဓာတ် ပါတဲ့ တုတ်ပေါ့ ဆရာရယ် ။

ခွက် ဆိုရင်လဲ ကျတော် တကယ် ကိုင်ဆောင် ရမယ့် အဖူး အညွှန့်က ပါတဲ့ ဓာတ် နဲ့ပေါ့ ဆရာရယ် ၊ ဥပမာ ဗျာ ကြာသပတေး ရာဇ ဖြစ်တော့ မြ ဖန်ခွက် လို ဟာ မျိုးပေါ့ ၊ တကယ် သောက်ရလို့ ရမယ့် အရာ ဖြစ်ရမယ် ၊ ဟို ဟန်ပြ အရုပ် လေး ကော် ခွက်လေး မလိုချင်ဘူး ဆရာ ။

ဒါး ဆိုရင်လဲ တောသားတွေ၊ ထင်းခုတ်တဲ့ ဒါး ၊ မီးဖိုချောင်မှာ သုံးတဲ့ ဒါး ၊ မြက်ခုတ် တောရှင်းတဲ့ ဒါး လိုမျိူး မဟုတ်ဘူး ၊ ရှင်ဘုရင် ကိုင်တာလဲ ဒါးပဲလေ ရန်သူလာရင် ကာကွယ်ဖို့ အတွက်လဲ ၊ အခုခေတ် အခါ လို သစ်သားကို သန်လျက်ပုံ ထုပြီး အယောင်ပြ ဟာလဲ မလိုချင်ဘူး ၊

အရေးရယ် အကြောင်းရယ် ကိုယ့်အသက် အန္တ ရယ် ပြုလာရင် ရန်သူက ဒါးနဲ့ ခုတ်လို့ ကိုယ်က ပြန် ကာရင် သစ်သားကြီးလေ ကိုယ်ပဲ ရှုံးမှာပေါ့ ၊ အဲ့လို အယောင် ဆောင် တဲ့ ဒါးမလိုချင် ဘူး ၊ သံသေ တပြည်ဝ ဆိုသ လို သေတဲ့ သံ ဓာတ် နဲ့ ပြုလုပ်ထားတဲ့ နစ်ဖက် အသွားပါတဲ့ ရှင်ဘုရင် ကိုင်တဲ့ သံလျက်ပုံစံ ရှိတဲ့ ဒါးမျိုး လိုချင်တာ ဆရာရဲ့ ၊ ဒါမှ ဒီ ဒါးကို ကိုင်ပြီး ကိုယ့်ကို အန္တရယ် ပြုတဲ့သူကို ကာကွယ် လို့ ရမှာပေါ့ ၊ဆရာရဲ့ ။ ကြယ် ဆိုရင်လဲ ကျွန်တော်က ငွေနဲ့ ပြုလုပ် ထား တဲ့ ကြယ်ပေါ့ တကယ်လိုအပ်တဲ့ အခါငွေရည် လောင်း ပါ ၊ ငွေဓာတ်ယူပါ ဆိူတဲ့ အ ခါကျရင် ကော် ရုပ်ကလေး ၅ ဒေါင့်ကြယ်က ဘာလုပ်လို့ရမှာလဲ ဆရာ ရယ် ။

အဲ့လိုတွေ စိတ်ထင်ရာ ကို တဆာဆာ အာပေါက် မတတ်ပြောနေ သော ကိုအောင်ကျော် ဆိုသူပေါ့ဗျာ ။

သူ နဲ့ ကျတော် မင်းသီဟကျော် တို့က ဘိုးလှကြီး ခေါ်တဲ့ လဖက်ရည် ဆိုင်မှာ ထိုင်တော့ တနေ့ တမျိုး မရိုးရအောင် ပြောနေတော့ တာပဲဗျာ ။

သူတိုက်တဲ့ လဖက်ရည် နဲ့ ဆေးလိပ် သောက် မိ တော့ လဲ ဒီလိုပဲ နားပူခံရတာပါပဲဗျာ ။

ကဲ ကိုအောင်ကျော် ရေ ခင်များ လိုချင်တာတွေ ကလဲ များလိုက်တာ ၊ ဖြစ်ချင်တာတွေကလဲ များ လိုက်တာဗျာ ၊ ကျွန်တော်ကတော့ ဥုမ် ဖွ ဆိုပြီး တော့ မန်းလဲ မပေး တတ်ဘူး ၊ အခုရမယ် တော်ကြာရမယ် ဆိုပြီး တော့လဲ မပြောတတ်ဘူး ၊ မပေးတတ်ဘူး ။

ကိုယ့်ဖာသာ လုပ်ရင်တော့ရမယ် ဗျာ

အခု ဂါထာ တခုပေးမယ် ၊ အဲ့ဂါထာလေးက ကျွန် တော် ဘာလိုချင်လဲ လိုချင်တခုခု ရှိင်္ပြဆိုရင် တော့ ဂါထာ ကို အဓ်ဌာန် နဲ့ ရွှတ်တယ်၊ ပုတီးစိတ်တယ် ပေါ့ ဗျာ ။

ကိုအောင်ကျော် လဲ လိုချင်တာ ရှိရင် လုပ်ကြည့် ေ ပါ့ဗျာ ။ ဒါကနော့ ကျွန်တော့ ကိုယ်တွေ့ ဆိုပါတော့ဗျာ ။

ဂါထာ ထက် သာရင် မန္တန်လို့ပြောတာ ပိုမှန်မယ်။

ဒီ မန္တန် ကို ရွှတ်ဖတ်လို့ ရခဲ့တဲ့ သူတွေကို နောက် များ ကျတော့် ဟောခန်းကို ရောက်ခဲ့မယ် ဆိုရင် မိတ် ဆက် ပေးမယ် ။

သူတို့ပြောတဲ့ ဒီမန္တန်ရဲ့ အစွမ်းထက်ပုံ လေးတွေကို နားထောင်ရအောင် လာခဲ့ပါဗျာ ၊ အဲ့အခါကျရင် ကျွန် တော် ကတော့ မနောမယ လဖက်ရည်လေး နဲ့ ဧည့်ခံ ပါ ရစေဗျာ ၊

အခုတော့ ကိုအောင်ကျော်ရေ ဒီမန္တန်လေး ရွှတ် ဖတ်ပြီး လိုချင်သော ပစ္စည်းလေးတွေ ၊ လာဘ်ဘတွေ ပွင့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဗျာ ။

“” အလိုရှိသော လာဘ်လာဘ ပစ္စည်းများ ရစေ တတ်သော မန္တန် “”

ဥုံ ဘယပတ္တံ

ယာဝဇီဝံ မရဏံ

သိန္နေဟံ အာဂစ္ဆန္တု ဧဟိ ဧဟိ

သွာဟယ်ယျကပ်

သက္ကောဒေဝါ

ရာဇာသွာဟ။ ။

ဤ မန္တန်အား ရွတ်သည့်အခါ မိမိလိုအပ် သော ပစ္စည်းအား စိတ်မှန်း၍ သက်စေ့ရွတ်ပါ။

credit ဆရာ မင်းသီဟကျော်