ဟင်းသီး ဟင်းရွက် ရောင်းသည့် အဖွား လည်ချောင်း အကြိတ်ခွဲစိတ်ကုသဖို့ အကူအညီပေးကြပါဦး

158

ကျော်ခေတ်လင်း၊ဒီဇင်ဘာ(၄)#AlinnMyay(အလင်းမြေ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးဆူကျောက်ပုံတွင် နေထိုင်သည့် အဖွား ဒေါ်လှထွန်းသည် လည်ချောင်း တွင် အကြိတ်ကို အရေးပေါ် ခွဲစိတ်ကုသဖို့အတွက် အကူအညီ လိုအပ်နေကြောင်း သိရသည်။

”အဖွားက ဝေဒနာက ဆေးကုမှုခံယူရဖို့ အခြေအနေ တော်တော်ဆိုးတောပါ ဒီးအဖွားက အဖွားရဲ့ အလုပ်က ဟင်းသီး ဟင်းရွက် ရောင်းစားတဲ့အလုပ်ပါ ဘယ်လိုလုပ် ဆေးကုသဖို့ တတ်နိုင်မလည်း ဒါ့ကြောင့် အဖွားက ဆေးကုသဖို့ အကူအညီ တောင်းနေတာဖြစ်ပါတယ်”အဖွားကို ကူညီပေးနေသူ မသန်းသန်းအေးက ပြောသည်။

လည်ချောင်း အကြိတ်ခွဲစိတ်ကုသဖို့ အကူအညီလိုအပ်နေသူ အဖွား ဒေါ်လှထွန်းသည် အသက် ၇၅ နှစ်ခန့် ရှိပြီး ပုသိမ်မြို့ စျေးလေးတွင် ဟင်းသီး ဟင်းရွက် ရောင်းချသည့် အလုပ်ကို လုပ်ကိုင်နေသူဖြစ်ကြောင်းသိရသည်။

အဖွားတွင် ကိုယ်ပိုင် လက်ကိုင်ဖုန်း တောင်မရှိပါသဖြင့် လှူဒါန်လို့သည့် ပုဂ္ဂိုလ်များအနေဖြင့် ကာယကံရှင်ထံ အဆင်ပြေပြေလှူဒါန်း ပေးနိုင်ဖို့အတွက်(အလင်းမြေ)မီဒီယာမှ သတင်းတာဝန်ခံ-ဦးကျော်ခေတ်လင်း မှာ စေတနာဖြင့် အဖွားတာဝန်ရှိသူများနှင့် ချိတ်ဆက် ပါဝင်ကူညီပေးမည် ဖြစ်သဖြင့် သို့ဖြစ်ပါ၍ ဖုန်း ၀၉ ၆၈ ၂၈ ၇၄၀ ၈ရကို ဖုန်းဆက်ပေးပါ။

သတင်းတာဝန်ခံ-ကျော်ခေတ်လင်း#AlinnMyay (အလင်းမြေ)