ပုဂံဘုရားဖူးချင်တဲ့ ဖွားဖွားကို ငွေကြေးက အစ လိုအပ်တာ မှန်သမျှ ကူညီပေးခဲ့ကြသူများ

47

ပရိသတ်ကြီးရေ တလောက ပုဂံဘုရားကို ဖူးချင်လွန်းလို့ ပန်းရောင်းပြီး ငွေစုနေတဲ့ အဖွားတစ်ဦးရဲ့ သတင်းလေး ကြားမိမှာပါ…အဲသတင်းလေးက လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့တာကြောင့် ကူညီသူတွေရှိပြီး အဖွားလည်း ပုဂံဘုရားကို ဖူးခဲ့ရပါတယ်….ကူညီသူတွေက အဲလောက်နဲ့ ရပ်မသွားပါဘူး…အဖွားကို ကူညီချင်တဲ့သူတွေ ထပ်ပေါ်လာခဲ့ပါတယ်….

ဘယ်လိုကူညီခဲ့ကြတာလဲဆိုတော့ အသက် ၇၅ နှစ်ရှိပြီ ဖြစ်တဲ့ အဖွားကို လှူဒါန်းကန်တော့ချင်လို့ ဆိုပြီး ပုဂံညောင်ဦးက ကူညီတဲ့သူတွေက အဖွားနေတဲ့ မုံရွာထိကို လိုက်သွားပြီး လှူဒါန်းခဲ့ကြတာပါ…အဖွားက မုံရွာမြို့ ဒေါနခြံရပ်ကွက်မှာ နေတာဖြစ်ပြီး နာမည်က ဒေါ်ခင်ညွန့်လို့ ခေါ်ပါတယ်…

အဖွားကို ရွှေစေတီကျောင်းဆရာတော်က ဦးစီးပြီးတော့ အလှူရှင်တွေနဲ့ ထောက်ပံ့ငွေ ၃၆၅၀၀၀၀ ကျပ်နဲ့ လိုအပ်တဲ့ ပစ္စည်းလေးတွေကို လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်…. အလှူရှင်တွေလှူခဲ့တဲ့ စာရင်းလေးကိုလည်း အောက်မှာ ဖော်ပြလိုက်ပါတယ်နော်…

၁ ။ ဆရာတော် ဦးတေဇဝံသ (ရွှေစေတီကျောင်း ) ဆန် ( ၁အိတ်)…ဆီ(၁ပိသာ)…စောင်ခေါင်းအုံး/အခင်း/ပိုက်ဖျာ/ဓာတ်ဘူး/ဆပ် ပြာမှုန့်/ဆပ်ပြာခဲ/သွားတိုက်တံ/သွားတိုက်ဆေး…

၂ ။ – ဦးကြည်စိုး+ဒေါ်ကြည်ထွေး(ရွှေပန်းထိမ်) သမီး ဇင်သွယ်ဖြိုး…ဆန် (၁) အိတ်…ဆီ ၅ ပိသာ..စောင်တဘက် ၃ ထည်/အနွေးထည် ၂ထည်/လုံချည်၅ကွင်း…မုန့်…ငွေ (၁၀၀၀၀၀) တစ်သိန်း

၃။ ပုဂံညောင်ဦး တုတ်တုတ် ဂရု မှ ၁၃၄၀၀၀ (တစ်သိန်းသုံးသောင်းလေးထောင်) ကျပ…်

၄။ ဦးအောင်ခိုင်နှင့်ကုသိုလ်ရှင်သူငယ်ချင်းများမှ ၁၃၆၀၀၀ (တစ်သိန်းသုံးသောင်း‌ခြောက်ထောင်) နှင့်ငါး‌ခြောက်/ ကြက်ဥ/ပုန်းရည်ကြီး ၊ အိုဗာတင်း မုန့် တို့ လှူ ဒါန်းခဲ့ကြပါတယ်…

ခုလိုလှူဒါန်းခဲ့တဲ့အတွက် အဖွားကလည်း ပျော်ရွှင်နေပါတယ်…ပရိသတ်ကြီးတို့လည်း ခုလို ဒုက္ခရောက်နေတဲ့ အဖွားကို ကူညီခဲ့တဲ့သူတွေရဲ့ အလှူဒါနမှာ ဝိုင်းဝန်း သာဓုခေါ်ဆိုနိုင်ဖို့ ဒီသတင်းလေးကို ပြန်လည်မျှဝေရေးသားလိုက်ရပါတယ်နော်..

Writer – HW (Shwe Yaung Lan)

Source : Aung Khaing 09.789713547..အောင်ရတနာ ထမင်းဆိုင်..ဓမ္မရံကြီးဘုရား