အားသွင်းဆဲဖုန်းဖြင့် ဂိမ်းကစားတဲ့အမျိုးသား ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွား

101

ထိုင်းနိုင်ငံက အမျိုုးသားတစ်ယောက်ဟာ အားသွင်းနေဆဲဖုန်းနဲ့ ဂိမ်းကစားခဲ့ရာမှ မတော်တဆ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံအနောက်ပိုင်း၊ Chonburi မှာ ဖြစ်ခဲ့တာလို့ DailyStar သတင်းစာက ဖော်ပြထားတာပါ။

သေဆုံးသူရဲ့အမည်မှာ Kittisak Moonkitti လို့ သိရပြီး၊ အသက်(၂၈)နှစ်လို့ သိရပါတယ်။ တနင်္လာနေ့က ဖြစ်ပျက်ခဲ့တဲ့ ဒီမတော်တဆမှုမှာ Kittisak အခန်းထဲမှာ သေဆုံးနေတာကို (၅၇)နှစ်အရွယ် မိခင် Rinnaporn Moonkitti တောင်မသိဘဲ အလုပ် သွားခဲ့ပါတယ်။

အလုပ်က ပြန်လာမှ သာဖြစ်သူ အခန်းထဲမှာ သေဆုံးနေတာကို သိလိုက်ရတာပါ။ ဖုန်းကတော့ ပလက်မှာ အားသွင်းထားဆဲဖြစ်ပြီး၊ ဓာတ်လိုက်ထားလို့ တစ်ချို့နေရာတွေမှာ ညိုမည်းနေကြောင်း သိရပါတယ်။ မိခင်က ရဲကို ဖုန်းဆက်ခေါ်ခဲ့လို့ ရဲတွေ ရောက်လာခဲ့ပါတယ်။

သေချာစစ်ဆေးကြည့်တော့ Kittisak အလောင်းမှာ တောင့်တင်းနေပြီဖြစ်ပြီး၊ သေဆုံးနေပြီဆိုတာ သေချာသွားပါတယ်။ Kittisak ဟာ စားသောက်ဆိုင်တစ်ခုမှာ စားဖိုမှူးလုပ်ဆောင်နေသူဖြစ်ပြီး၊ မိခင်နဲ့အတူ လာရောက်နေထိုင်သူပါ။ ဖုန်းကုမ္ပဏီကို တရားစွဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နေသူရိန် D Nae Khit Media