မသန်စွမ်းသားအတွက် ဆေးဖိုးရအောင် နေ့စဉ်(၄)မိုင်လျှောက်ပြီး စျေးရောင်းနေတဲ့ဖခင်

53

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာနေထိုင်တဲ့ ဖခင်တစ်ယောက်ဟာ မသန်စွမ်းသားအတွက် နေ့စဉ် (၆)ကီလိုမီတာလမ်းလျှောက်ပြီး ရေခဲမုန့်ရောင်းနေရတယ်လို့ သိရပါတယ်။ မိုင်အားဖြင့်တော့ (၃.၇)မိုင်လောက် နေ့စဉ် လျှောက်နေရတာလို့ WorldOfBuzz က ဖော်ပြထားပါတယ်။

အဆိုပါ ဖခင်ရဲ့အမည်ကို တော်တော်များများက အန်ကယ်ဒမ်လို့ ခေါ်ကြပါတယ်။ သူရဲ့ရေခဲမုန့်တစ်ခုရဲ့ တန်ဖိုးဟာ (၁၀)ဘတ်ဖြစ်ပြီး၊ မြန်မာငွေနဲ့ဆိုရင်တော့ (၅၀၀)နီးပါး ဖြစ်ပါတယ်။ အန်ကယ်ဒမ်ဟာ နေ့စဉ် ရေခဲမုန့်ရောင်းတာကို မနားနိုင်ပါဘုး။

သူနားလိုက်ရင် မသန်စွမ်းဖြစ်နေတဲ့ သားဖြစ်သူရဲ့ ဆေးဖိုးက ပြတ်သွားနိုင်လို့ပါတဲ့။ တကယ်တော့ သူဟာ ယခင်က ရေခဲမုန့်တစ်ခုကို (၁၅)ဘတ်ရောင်းပေမယ့်၊ သူ့ကို အမြဲအားပေးတဲ့ဖောက်သည်တွေ ရှိစေဖို့ (၁၀)ဘတ်နဲ့သာ ရောင်းပါတယ်။

သူရဲ့သားဟာ ပိုလီယိုသဘောမျိုး အကြောသေရောဂါ ခံစားနေရပြီး၊ သူသွားလေရာကို အမြဲတမ်း တွန်းလှည်းမှာတင်ပြီး ခေါ်ဆောင်သွားရပါတယ်။ ဒါမှလည်း သူဟာ သားဖြစ်သူကို လိုအပ်တဲ့ ပြုစုမှုတွေ ပြုလုပ်နိုင်မှာပါ။ သူ့မှာ မိန်းမနဲ့တစ်ခြားသားသမီးတွေ ရှိမရှိဆိုတာကိုတော့ မသိရပါဘူး။

နတ်သူကြီး-AlinnMyay(အလင်းမြေ)