သုံးစွဲဖို့ အသင့်သည့် ရွှေဆေးတံဆိပ်ပါ အဆစ်အမြစ်အကိုက်အခဲပျောက်ဆေး ရောင်းချ ဖြန့်ဖြူးခြင်း မရှိစေဖို့ စစ်ဆေး

46

သုံးစွဲဖို့ အသင့်သည့် ရွှေဆေးတံဆိပ်ပါ အဆစ်အမြစ်အကိုက်အခဲပျောက်ဆေး ရောင်းချ ဖြန့်ဖြူး သိုလှောင်ထားခြင်း မရှိစေဖို့ စစ်ဆေး အသိပညာပေးလုပ် ဆောင်

ကျော်ခေတ်လင်း၊ ဒီဇင်ဘာ(၅)#AlinnMyay(အလင်းမြေ)

ဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိသည့် `ရွှေဆေး´အမှတ်တံဆိပ် အဆစ် အမြစ် အကိုက်အခဲ ပျောက်ဆေးများ ဆုံးထားခြင်းမရှိစေဖို့ ပူးပေါင်းအဖွဲ့များမှ စစ်ဆေး အသိပညာပေးခြင်းကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

”ရွှေဆေး အမှတ် တံဆိပ်ဆေး အဆစ် အမြစ် အကိုက်အခဲပျောက်ဆေးက နိုင်ငံ ပိုင် သတင်းစာ ရေဒီယို တီဗွီတွေတစ် ဆင့်မသုံးစွဲဖို့ ကြေညာထားတဲ့ဆေးပါ ဆေးကအမှုန့်ပါ ဒါ့ကြောင့် စျေးကွက် အတွင်း ရောင်းချတာမရှိစေဖို့ စစ်ဆေး အသိပညာပေး လုပ်ဆောင်တာပါ”ဟု မြို့နယ် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးကော်မတီဝင် ဒေါ်ကေသီခိုင် ကပြောသည်။

မြန်အောင်မြို့နယ်၊ရပ်ကွက်၊ မြို့ပေါ်စျေး ၊နေခြည်စျေး စသည့်နေရာများတွင် သုံးစွဲ ခြင်းမပြုရန် ကြေညာထားသည့် ”ရွှေဆေး”တံဆိပ်ပါ အဆစ်အမြစ် အကိုက်အခဲပျောက်ဆေး သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း မရှိစေဖို့ ဒီဇင်ဘာ ၄ ရက်က စနစ်တကျ စစ်ဆေး အသိပညာ လုပ် ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဆေး တံဆိပ်ပါ အဆစ်အမြစ် အကိုက်အခဲ ပျောက်ဆေး ရောင်းချ ဖြန့်ဖြူး သိုလှောင်ထားခြင်းမရှိစေဖို့ မြို့နယ်ထွေအုပ်၊မြို့နယ်ရဲတပ်ဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့ စည်ပင်သာယာရေးအဖွဲ့၊တိုင်းရင်းဆေးကုသရေးဦးစီးဌာန စသည့်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များက စစ်ဆေးခြင်းဖြစ် ကြောင်းသိရသည်။

အဆိုပါ ရွှေဆေး တံဆိပ်ပါ အဆစ်မြစ် အကိုက်အခဲပျောက် ဆေးအမှုန့်သည် အနောက်တိုင်းဆေးရောနှောထားပြီး ပြည်သူများ လုံးဝသုံးစွဲဖို့ မသင့်သည့် ဆေးဖြစ်ကြောင်း မြန်မာ့အလင်း သတင်း စားနှင့် ကြေးမုံသတင်းစာ ရေဒီယို တီဗွီ လွန်ခဲ့သည့် ရက်က ကြေညာထားခြင်း ဖြစ်သည်။

သတင်း တာဝန်ခံ-ကျော်ခေတ်လင်း#AlinnMyay(အလင်းမြေ)

(Zawgyi)




”ရွှေဆေး အမှတ် တံဆိပ်ဆေး အဆစ် အမြစ် အကိုက်အခဲပျောက်ဆေးက နိုင်ငံ ပိုင် သတင်းစာ ရေဒီယို တီဗွီတွေတစ် ဆင့်မသုံးစွဲဖို့ ကြေညာထားတဲ့ဆေးပါ ဆေးကအမှုန့်ပါ ဒါ့ကြောင့် ဈေးကွက် အတွင်း ရောင်းချတာမရှိစေဖို့ စစ်ဆေး အသိပညာပေး လုပ်ဆောင်တာပါ”ဟု မြို့နယ် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးကော်မတီဝင် ဒေါ်ကေသီခိုင် ကပြောသည်။

မြန်အောင်မြို့နယ်၊ရပ်ကွက်၊ မြို့ပေါ်ဈေး ၊နေခြည်ဈေး စသည့်နေရာများတွင် သုံးစွဲ ခြင်းမပြုရန် ကြေညာထားသည့် ”ရွှေဆေး”တံဆိပ်ပါ အဆစ်အမြစ် အကိုက်အခဲပျောက်ဆေး သိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း မရှိစေဖို့ ဒီဇင်ဘာ ၄ ရက်က စနစ်တကျ စစ်ဆေး အသိပညာ လုပ် ခြင်းဖြစ်ကြောင်း သိရသည်။


