အနမ်းကတစ်ဆင့် ရောဂါပိုးကူးစက်ပြီး ကလေးတွေမှာ အန္တရာယ်ရှိနိုင်

37

ကိုယ့်ကလေးကို ချစ်လို့နမ်းတာ၊ တစ်ခြားတစ်စုံတစ်ယောက်ရဲ့ကလေးကို ချစ်လို့နမ်းတာမျိုးဟာ လူတိုင်း ပြုလုပ်လေ့ရှိတဲ့အရာ၊ မထူးဆန်းတဲ့အရာပါဘဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ လလောက်ကပဲ ယူကေမှာ ကလေးတစ်ယောက် လူကြီးတွေရဲ့အနမ်းကတစ်ဆင့် ရေယုန်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။

နောက်ထပ် အနမ်းတွေကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေလည်း များပြားစွာ ရှိနေပါတယ်။ အဖြစ်များတဲ့ရောဂါတစ်ခုကတော့ Respiratory syncytial virus (RSV) ဆိုတဲ့အခြေအနေပါ။ ဗိုင်းရပ်စ်တို့ ဘက်တီးရီယားတို့ဟာ ကူးစက်လွယ်ကြောင့် အများသိပြီး ဖြစ်ပါလိမ့်မယ်။

RSV ရောဂါကြောင့် အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းအတွင်း ရောဂါပိုးဝင်ရောက်ပြီး၊ ကလေးတွေကို အသက်အန္တရာယ်တောင် ထိခိုက်စေနိုင်ပါတယ်။ တစ်ခါတလေမှာ သာမန်အအေးမိတုပ်ကွေးနဲ့ မှားပြီး၊ ရောဂါတစ်ခြား ဆေးတစ်ခြား ဖြစ်စေနိုင်ပါတယ်။

ဒီဗိုင်းရပ်စ်ဟာ တစ်နှစ်နဲ့ တစ်နှစ်အောက်ကလေးတွေမှာ အဖြစ်များတဲ့ Bronchiolitis (အဆုတ်ရောင်ရောဂါတစ်မျိုး)နဲ့ Pneumonia (အဆုတ်ရောင်ရောဂါတစ်မျိုး)ကို ဖြစ်စေတဲ့ ဗိုင်းရပ်လည်း ဖြစ်တဲ့အတွက် RSV ဖြစ်စဉ်လက္ခဏာတွေနဲ့ တူညီပါတယ်။

လူတိုင်းမှာ RSV ကူးစက်နိုင်သော်လည်း ကလေးတွေမှာ ဒီလိုဖြစ်စဉ်ဟာ ပိုပြီး ပြင်းထန်ပါတယ်။ အကြောင်းကတော့ ကလေးတွေရဲဲ့ ကိုယ်ခံစွမ်းအားဟာ လူကြီးတွေနဲ့စာရင် အလွန်နည်းလို့ ဒုက္ခပိုရောက်တဲ့သဘောပါ။ AlinnMyay ပရိသတ်ကြီးအနေနဲ့ ဆင်ခြင်သိရှိနိုင်စေဖို့ တင်ပြလိုက်တာပါ။

နတ်သူကြီး-AlinnMyay(အလင်းမြေ)