ချစ်သူ လေယာဉ်မယ်လေးက အောင်ဘာလေ ထီဆုကြီး ပေါက်သွားလို့ ပျော်နေတဲ့ ထွန်းထွန်း

120

ထွန်းထွန်းကတော့ အဆိုတော်တစ်ယောက်အနေနဲ့ ဂီတလောကကို စတင်ဝင်ရောက်လာသူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ သရုပ်ဆောင်နယ်ပယ်မှာပါ အောင်မြင်မှုရရှိနေသူတစ်ယောက်ပါ။ ကျရာဇာတ်ကောင်တိုင်းနဲ့ လိုက်ပါစီးမျောပြီး သရုပ်ဆောင်နိုင်တာကြောင့် “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေနဲ့ မအားလပ်တဲ့ထွန်းထွန်းဟာ သူနဲ့အနုပညာလောကကိုစတင်ဝင်ရောက်ခဲ့တဲ့ စိတ်တူကိုယ်တူညီအစ်ကိုများဖြစ်ကြတဲ့ Examplez အဖွဲ့ဝင်တွေထဲမှာ တစ်ဦးတည်းကျန်ခဲ့တဲ့လူပျိုကြီးလို့ဆိုရမှာပါ။ လက်ရှိအချိန်ထိ အိမ်ထောင်မပြုရသေးပေမယ့်လည်း ပရိသတ်တွေအားကျနေရတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ချောမောလှပတဲ့လေယာဉ်မယ်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ထွန်းထွန်းကိုယ်တိုင်ကလည်း အရမ်းချစ်လွန်းတာကြောင့် ပရိသတ်တွေကတော့ ရိုလွန်းတဲ့သူတို့စုံတွဲကိုကြည့်ပြီး အားကျနေကြရတာဖြစ်ပါတယ်။

အရမ်းချစ်တတ်လွန်းသူကြီးထွန်းထွန်းကတော့ ချစ်သူလေးနဲ့တွေ့ဖြစ်သည်ဖြစ်စေ၊ မတွေ့ဖြစ်သည်ဖြစ်စေ အမြဲလွမ်းကာ အချစ်ပိုနေတတ်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ချစ်သူကောင်မလေးနဲ့ပတ်သက်တဲ့အကြောင်းတွေကို My Day မှာမျှဝေလေ့ရှိသူတစ်ယောက်ပါ။ ဒီတစ်ခေါက်မှာလည်း ထွန်းထွန်းကတော့သူ့ချစ်သူကောင်မလေး ငါးသိန်းဆုပေါက်တဲ့အကြောင်းကို မျှဝေထားတာဖြစ်ပါတယ်။ ထွန်းထွန်းကတော့ ချစ်သူလေးရဲ့ကံကောင်းခြင်းအတွက် သူကိုယ်တိုင်လည်းဝမ်းသာပျော်ရွှင်စွာနဲ့ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။

Source – Htin Aung Tun