စေ့စပ်ထားပါတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝင်းဝါပန်းမြတ်သူပြောပြီ

224

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

မကြာခင်ရက်ပိုင်းအတွင်းမှာ အကယ်ဒမီများဆုရှင် အန်တီဝါဝါဝင်းရွှေ ရိုက်ကူးပူဇော်ထားတဲ့ CGI Effect လို့ ခေါ်တဲ့ အထူးပြုလုပ်ချက်တွေနဲ့ပါဝင်တဲ့ “ရှင်ဥပ္ပဂုတ္တ မထေရ်မြတ်ကြီး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အကယ်ဒမီများဆုရှင် အန်တီဝါဝါဝင်းရွှေကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားသလို ၊ သူမရဲ့ မြေးချောလေးတွေလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ယောက်ျားလေး ပရိသတ်များက သူမရဲ့ မြေးချောလေးတွေကို အထူးအာရုံစိုက်နေကြတာကိုတော့ အထင်သားသိမြင်နိုင်ပါတယ်နော်။ အထူးသဖြင့် ငယ်ဂုဏ်လေးတွေနဲ့ အဖွားရဲ့အလှကို ဆင့်ပွားရရှိထားတဲ့ အချောလေးတွေဖြစ်တာကြောင့် ပရိသတ်က ပိုမိုစိတ်ဝင်စားနေဟန်တူပါတယ်။ ဒါ့အပြင်မြေးအငယ်မလေးဖြစ်တဲ့ ဝင်းဝါပန်းမြတ်သူ တစ်ယောက်ကတော့ သူ့သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ပုံတွေကို သူမရဲ့ စေ့စပ်ထားသူဖြစ်တယ် အသက် ၁၈ နှစ်ပြည့်ရင် လက်ထပ်မှာဆိုတဲ့ မဟုတ်မမှန်ကောလဟလတွေကိုလည်း ရင်ဆိုင်နေရသူလေးဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ မီဒီယာတစ်ခုမှာတော့ သူမက အဲ့ပုံတွေ သူငယ်ချင်းတွေနဲ့ရိုက်ထားတာဖြစ်ပြီးတော့ လက်ရှိအချိန်ထိ စေ့စပ်ထားသူလည်း မရှိသေးဘူးလို့ိသိရပါတယ်။ သူမအသက်က လက်ရှိမှာ ၁၆ နှစ်ကို လာမည့် ၁၆ ရက်နေ့မှာ ပြည့်မှာဖြစ်ပြီးတော့ ပညာရေးသင်ယူနေဆဲမို့ အနုပညာအလုပ်တွေကိုလည်း အပြည့်အဝ အချိန်မပေးနိုင်သေးသလိုဖြစ်နေတယ်လို့ိသိရပါတယ်။

ဒါ့အပြင် သူမကို အားပေးတာကျေးဇူးတင်ကြောင်း နဲ့ မဟုတ်မမှန်တာတွေကို မပြောကြဖို့ သူမရဲ့ သူငယ်ချင်းတွေကိုလည်း အားနာမိလို့ပါလို့ ဆိုပါတယ်။ သူမကတော့ အနုပညာလှုပ်ရှားမှုအဖြစ် လက်ရှိအချိန်မှာကြေငြာတွေလည်း လက်ခံရိုက်ကူးနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ


Writer- SMT(Shwe Yaung Lan)