0
63
နေပြည်တော်၊ ဇွန် ၁၀
Unicode
ဖမ်းဝရမ်းထုတ်ဆင့်ထားသည့် တရားခံ ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်အား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
နေပြည်တော်၊ ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံး၊ ရာကြီးမှုအမှတ် ၈၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားရုံး ဖမ်းဝရမ်းထုတ်ဆင့် ထားသည့် တရားခံ ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့် (၄၃)နှစ်၊ (ဖ)ဦးစိုးမင်းသည်
မန္တလေး တိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဖလံကျင်းကျေးရွာနေ ၎င်း၏ယောက်ခမတော်စပ်သူ ဦးကျော်မောင်+ ဒေါ်ခင်သန်း တို့၏နေအိမ်သို့ ရောက်ရှိပုန်းခိုနေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်း ပေးချက်အရ ရဲတပ်ဖွဲ့ဝင်များက ယနေ့တွင် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ (ရဲဇာနည်)