လက်တို့ပြီးတော့မှ ပြောချင်သူတွေသတိထား “တို့ဆေး”

307

ဘတ်စ်ကားပေါ်မှာ…” အစ်မ..အစ်မ..” အမျိုးသမီးက လှည့်ကြည့်ပြီး..

” အမလေးး…”

” ဟင်…ဘာလဲ? ”

” အမလေး..ကယ်ကြပါအုံး..သူ.. သူ..ကျမကို တို့လိုက်ပြီ ”

” ဟာ..”

သောက်ပြသနာတော့ တက်ပြီဟ..

” ဟာ..မဟုတ်ဘူး အစ်မ ။ အစ်မကို..တို့တာက..”

” အို..မသိဘူး မသိဘူး ။ ရှင်..ကျမကို တို့တာ…။ ကယ်ကြပါအုံး.ရှင်။..ကျမ ကျမ အတို့ခံလိုက်ရပါပြီ.. ”

” ဟင်..”

အမျိုးသမီးရဲ့အော်သံကြောင့် ဘတ်စ်ကားကလည်း ထိုးရပ်သွားတယ်…..

ခရီးသည်တွေကလည်း..သို့လော သို့လော ဝိုင်းကြည့်ကုန်ကြတယ်….

ကျတော်လည်း..ဘာလုပ်ရမှန်းကို မသိတော့ဘူး…..

အမျိုးသမီးကတော့…..ငါးရံ့ပြာလူးကို ဖြစ်နေတာ…..

” အမလေး..လုပ်ကြပါအုံးနော် ။ ကျမက ကျမ ဟုတ်ပါတယ်နော် ”

” ငှယ်..”

” ကျမ ကျမ..အခု ဘတ်စ်ကားပေါ်မှာပါနော်..ဟုတ်ပါတယ်နော် ”

” ဟော်ဗျာ..”

” ဝိုင်းဖမ်းကြပါ..သူ့ကို ဝိုင်းဖမ်းကြပါ..။ သူ ကျမကို တို့ဆေးနဲ့ တို့လိုက်တာပါ..။

သူနဲ့ကျမ လုံးဝ မသိပါဘူး ။ သူ့နောက် ကျမ လိုက်သွားရင် ဝိုင်း တား ပေးကြပါ..”

ငင်…..သောက်ကျိုးတော့.နည်းပဟ…..

” ဟာ…မဟုတ်ဘူးနော် အစ်မ။ အစ်မ မှားနေပြီ..”

” ဘာ မဟုတ်ကမှာလဲ!။ နင် နင်..ငါ့ကို တို့လိုက်တာ..”

” ဟာ..”

အခြေအနေက…..မဟန်တော့တာမို့..ကားသမားက နောက်ကို ဝင်လာပြီး…..

” ကဲ..ငါ့ညီ..မင်းက သူ့ကို ဘာလို့.. သွားတို့ရတာလဲ? ”

အမျိုးသမီးက ကြားဖြတ်၍..” အို..တို့ဆေးနဲ့ တို့ပါတယ် ဆိုမှ..”

” အစ်မကြီး..ခဏ နေပါအုံး ။ ဒီက ညီလေး ဖြေပါ ။ မင်း ဘာလို့ သွားတို့ တာလဲ? ”

” ဒီလိုပါဗျာ..။ ကျတော်က ရှေ့မှတ်တိုင်မှာ..ဆင်းတော့မှာမို့..သူ့ကို ကျတော့်နေရာ ပေးထိုင်ရအောင်..လက်တို့ ခေါ်လိုက်တာပါဗျာ..။ အဲ့ဒါ ကို…..”

” ဪ…”

အမျိုးသမီးက မယုံချင်သေး…..

” အို…ဟုတ်လို့လား..”

” အဟုတ်ပါဗျာ..တကယ်သာ..တို့ဆေး ဆို..အစ်မ ခုလိုတောင် စကားပြောနိုင်ပါ့မလား လို့….”

” အို..ဘယ်သိမလဲ ။ တို့ဆေးတွေ ခေတ်စားနေပါတယ် ဆိုမှ ။ ရှင်က ရုတ်တရက်ကြီး လာတို့တော့..လန့်တာပေါ့ရှင့်.”

” အေးပါဗျာ…မှားပါတယ်ဗျာ ။ ကျတော်ကိုက..မှားတာပါဗျာ..။ ဆင်းမယ့် မှတ်တိုင်လည်း ကျော်သွားပါပြီဗျာ..”

” ဟား..ဟား..ဟား..”

ကားပေါ်က လူတွေဝိုင်းရယ်ကြပါတော့တယ်…..

ဪ…တို့ဆေး..တို့ဆေး……။ လူချွန်တော်