ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားတဲ့ ဒေါက်တာအေးဇော်ထွန်းနဲ့ ၃ နှစ်အရွယ်သားလေးကို ဖြန့်ကျက်ရှာဖွေပြီ

410

အခုဒီနှစ်အတွင်းမှာ လူပျောက်သတင်းတွေ ၊ ကလေးသူခိုး သတင်းတွေ ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ အလုပ်ရှင်ကို အလုပ်သမားတွေက သတ်တာ ၊ ကြံခင်းမှာ အလုပ်လုပ်နေတဲ့ သားအမိကို လိင်ကိစ္စမပေးလို့ဆိုပြီး သူ့ဖခင်ရဲ့ သူငယ်ချင်းက သတ်တာ စသည်ဖြင့် မျိုးစုံသော စိတ်မချမ်းမြေ့ဖွယ်သတင်းတွေက လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။ တရားခံတွေ့သူတွေ ရှိသလို ၊ တရားခံ ဖမ်းမမိသေးသူတွေလည်း အများအပြားပါပဲနော်။ ဒီအမှုတွေထဲမှာ မောင်လမြိုင်က ဆရာဝန်သားအဖ ဟာ ကားနဲ့ ပျောက်သွားခဲ့တာ ယနေ့တိုင် လုံးဝ ရှာမတွေ့ဘူးလို့ဆိုပါတယ်။

ပျောက်ဆုံးသွားပုံကတော့ အတော်လေးကို ပဟေဠိဆန်လွန်းပါတယ်။ ဒေါက်တာ အေးဇော်ထွန်းနဲ့ သားဖြစ်သူဟာ ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီ ဆေးခန်းပိတ်ချိန်မှာ မိတ်ဆွေ (၃) နဲ့ ချိန်ဆိုထားလို့ စားသောက်ဆိုင်ကို သွားခဲ့ပြီး အပြန်မှာ လုံးဝ အစရှာမရအောင် ကားရော ၊ လူရော ပျောက်ခြင်းမလှပျောက်ဆုံးနေခဲ့တယ်လို့ ဆိုပါတယ်။

ကားနံပါတ်နဲ့ မြို့အဝင်အထွက်တွေ စီစီတီဗွီ မှတ်တမ်းတွေအရတော့ ကားကတော့ မြို့အပြင်ကို မထွက်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် မိသားစုဝင်တွေရဲ့ အကူအညီတောင်းခံချက်အရ သက်ဆိုင်ရာ ရဲစခန်းက တာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ ၊ မီးသတ်အဖွဲ့များ ၊ ကယ်ဆယ်ရေးအဖွဲ့များ ၊ ပရဟိတ အဖွဲ့များ အားလုံး စုပေါင်းပြီးတော့ ဖြစ်နိုင်ခြေရှိမည့်နေရာများဖြစ်တဲ့ ရာဘာခြံတွေ၊ မသင်္ကာစရာနေရာတွေ အားလုံးကို လိုက်လံရှာဖွေပေမယ့် အခုထိတိုင် မတွေ့ပဲရှိနေပါတယ်။

မိသားစုကတော့ အတော်လေးကို စိုးရိမ်နေကြပါတယ်။ မိတ်ဆွေတို့ အရပ်မှာလည်း Toyota WISH 3L-9150 ကိုတွေ့ရင် အကြောင်းကြားပေးကြပါဦးလို့ မေတ္တာရပ်ခံပြီးအကူအညီတောင်းပါရစေခင်ဗျာ။ အားလုံးလည်း မျှဝေပေးပါဦး။ ပုံတွေပါ တင်ပေးလိုက်ပါတယ်။

Writer – SMT( Shwe Yaung Lan)