ယခုလအတွင်း အသက်သေဆုံး နိုင်သည်အထိ အန္တရာယ်များလှတဲ့ ဆောင်း

119

လူသားတွေရဲ့ အတ္တတွေကြောင့် ကမ္ဘာကြီးဟာ ပူနွေးလာတာကြောင့် နိုင်ငံတိုင်းမှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကို ခံစားနေရပါတယ်။ အဲ့အထဲမှာမှ စက်မှုနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အိန္ဒိယ နဲ့ တရုတ် နိုင်ငံအကြားမှာ ရှိတဲ့ မြန်မာနိုင်ငံဟာလည်း ဒီရိုက်ခတ်မှုကို ခါးဆီးခံရနေပါတယ် ။ နွေဆိုရင် စွတ်ပူသလို ၊ မိုးကျရင်လည်း ရေဘေးဒဏ်ခံရ၊ဆောင်းရောက်တော့လည်း သူမတူေအောင် အေးတာကို အခုမြန်မာနိုင်ငံသားတွေအားလုံးအသိပါပဲနော်။

ဒါကြောင့် ရှေးလူကြီးတွေ ပြောခဲ့သလို “ဥစ္စာကို ကံစောင့် ၊ အသက်ကို ဉာဏ်စောင်” ဆိုတဲ့ စကားပုံလေးအတိုင်း ကိုယ့်ရဲ့ ဘေးအန္တရာယ်ကိုတော့ ဉာဏ်ပညာနဲ့ နေထိုင်ကြမှ တော်ကာကြမှာပါနော်။ ကွမ်းစားရင် ကင်ဆာဖြစ်စေတယ်လို့ ပြောတဲ့အခါ တို့အဖိုးအဖွားတွေတုန်းက ဘာမှ မဖြစ်ပါဘူးလို့ ပြောသူတွေ အများအပြား တွေ့ရပါလိမ့်မယ်။

အဖိုးအဖွားတွေတုန်းက သဘာဝသီးနှံအတိုင်း ကွမ်း ၊ ကွမ်းသီးနဲ့ပါ။ အခုခေတ်က ကွမ်းသီးဖြူဆေး ၊ ထုံးကိုလည်း ဓာတုဗေဒနဲ့ ဖောက်တာတွေကိုတော့ အားလုံး မေ့လျော့နေကြတာထင်ပါတယ်။စကားစပ်လို့ပြောတာပါ။အခုလည်း ဆောင်းတွင်းရောက်ပြီဆိုတော့ နေရာဒေသတော်တော်များများမှာ အအေးဓာတ်ကို ခံစားနေရပါပြီနော်။ ဒီထက်ပိုသတိထားရမယ့် အကြောင်းက အအေးလိုင်းဖြတ်မယ့် သတင်းရှိနေပါတယ်။ ပုံမှန် အလုပ်သွားဖို့ စောစောရေချိုးတတ်သူတွေ၊ သက်ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေ ရှိသူတွေ သတိထားသင့်ပါတယ်နော်။

မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒ ဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ(၇) ရက်နေ့နဲ့ (၁၃) ရက်နေ့မှာ အအေးလိုင်းဖြတ်မယ်လို့ သိရပါတယ်။ ၁၃ ရက်နေ့ကပိုမိုအေးမှာ ဖြစ်ပြီးတော့ မပေါ့ဆကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါကြောင့်အသက်အရွယ်ကြီးရင့်သူ ၊ ကလေးသူငယ်များနဲ့ လေဖြတ်ထားသူ ၊ နှလုံး မကောင်းသူများ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်နော်။

Writer – SMT( Shwe Yaung Lan)