အအေးလှိုင်း ဖြတ်ပြီး ၃၈ နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံး

148

ရာသီဥတုဖောက်ပြန်မှုကြောင့် အေးရင်လည်း အလွန်အေး…ပူရင်လည်း အလွန်ပူတဲ့ ဖောက်ပြန်တဲ့ ရာသီဥတုဒဏ်ကို လူသားတွေ ခံစားနေကြရပြီဖြစ်ပါတယ်။ ၂၀၁၉ ဒီဇင်ဘာ ၆ ရက်နေ့ ၁၀ ရက်အတွင်းမှာ ယူနန်ပြည်နယ်နှင့် ဗီယက်နမ်မြောက်ပိုင်းမှ ဖိအားမြင့်လေထုတွေဟာ လာအို ထိုင်း တို့ကိုဖြတ်ကျော်ပြီးတော့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကယားပြည်နယ် ကရင်ပြည်နယ် မန္တလေးတိုင်း မကွေးတိုင်း နေပြည်တော် ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် တနင်္သာရီတိုင်း ကနေ ကပ္ပလီပင်လယ်ပြင်အထိရောက်ရှိလာမှာ ဖြစ်ပြီး အအေးပိုလာမယ်လို့ သိရပါတယ်။ အဆိုပါ အအေးလှိုင်းအန္တရာယ်ဟာ အခုဆိုရင် ထိုင်းနိုင်ငံမှာ လူတစ်ဦးသေဆုံးမှုတောင် ဖြစ်စေခဲ့ပါတယ်။

ယနေ့ထိုင်းနိုင်ငံမှာတော့ မြောက်ပိုင်းနဲ့အရှေ့မြောက်ဒေသတွေမှာ အအေးလှိုင်းစတင်ဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ မဲဟောင်ဆောင်၊ ချင်းမိုင်နဲ့ ချင်းရိုင်မှာတော့ အအေးအမှတ်ဟာ -၁ ဒီဂရီစဲစီးရပ်အထိကျဆင်းသွားတာကြောင့် လူသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ အရှေ့မြောက်ပိုင်း လာအိုနိုင်ငံနဲ့ထိစပ်နေတဲ့ Bueng Kan Province ဘန်ကန် ခရိုင်မှာ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ညအခါ အိပ်ချိန်မှာ စောင်းပါးလေးနဲ့ခြုံအိပ်မိတာကြောင့် နံနက်မှာတော့ သေဆုံးသွားခဲ့ပါတယ်။

ယခုလို အအေးလှိုင်းမြင့်တက်တာကြောင့် ထိုင်းလူမှုအဖွဲ့တွေကတော့ လက်ရှိမှာ စောင်ထူတွေနဲ့အနွေးထည်တွေကို လှူတမ်းနေကြပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေကလည်း တောင်ယာတွေမှာလည်း မီးမရှို့ကြရန်နှင့် အမှိုက်များကို မီးရှို့သူများကိုလည်း ဒဏ်ငွေရိုက်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ပရိတ်သတ်ကြီးရေ ယခုအအေးလှိုင်းဟာ လူတွေကို သေဆုံးမှုဖြစ်စေနိုင်တဲ့အထိ အန္တရာယ်များလွန်းလှပါတယ်။ ဒ့ါကြောင့် မိမိတို့ကိုယ်ကို နွေးနွေးထွေးနွေးနေထိုင်ကြဖို့ သတိပေးတိုက်တွန်းပါရစေနော်……………။

Writer- ME(Shwe Yaung Lan)