ရွှေတံဆိပ်ကို လက်လွှတ်ခံပြီး ပြိုင်ဘက်ကစားသမားအသက်ကို ကယ်တင်ခဲ့သူ

123

ဖိလစ်ပိုင်မှာ ကျငး်ပနေတဲ့ ၂၀၁၉ အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာတော့ ကစားသမားတိုင်းက သူရဲကောင်းတွေအဖြစ်နဲ့ နိုင်ငံတော်အတွက် ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။ ဒီပြိုင်ပွဲကြီးမှာ သမိုင်းဝင်အခိုက်အတန့်တွေကို ပို်င်ဆိုင်နိုင်ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။ ဖိလစ်ပိုင်ရေလွှာလှိုင်းစီးကစားသမားတစ်ဦးကတော့ အခုချိန်မှာ သူရဲကောင်းတစ်ဦးအဖြစ် ရှိနေခဲ့ပါတ်ယ။

ရော်ဂျာကက်စူဂေးလို့ အမည်ရတဲ့ ဖိလစ်ပိုင်ကစားသမားက ပြိုင်ဘက်အင်ဒိုနီးရှားကစားသမားနူဟီဒါရက် ရေနစ်နေတဲ့အချိန်မှာ ရွှေတံဆိပ်ဆုရရှိနို်င်မယ့် အခွင့်အရေးကို လက်လွှတ်ခံပြီးတော့ ပြိုင်ဘက်ကစားသမားကို ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ညနေပိုင်းမှာအ အဆိုပါသတင်းက တော်တော်လေးပြန်နှံ့နေခဲ့ပြီး ကက်စူဂေးကလည်း သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးခံနေရပြီဖြစ်ပါတယ်။ ရွှေတံဆိပ်ဆုအတွက် ပြိုင်ဆိုင်နေခဲ့တဲ့ ပြိုင်ပွဲလည်းဖြစ်တယ်လို့ သိရပါတယ်။

နူဟီဒါရက်ရဲ့ ရေလွှာလှိုင်းစီးဘုတ်ပြားဟာ ပျောက်ဆုံးသွားခဲ့ပြီး လှိုင်းလုံးတွေကြားကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ကက်စူဂေးက ကယ်တင်ခဲ့တာဖြစ်ပြီး ကစားသမားနှစ်ဦးဟာ ဘုတ်ပြားတစ်ခုတည်းအပေါ်မှာ နှစ်ယောက်အတူတူ ရှိနေခဲ့ပြီး ကမ်းစပ်ကို ပြန်လည်ရောက်ရှိခဲ့ကာ နူဟီဒါရက်လည်း အန္တရာယ်ကြားကနေ ကင်းလွတ်ခဲ့ရပါတယ်။

ကမ်းစပ်ကိုအရောက်မှာတော့ နူဟီဒါရက်က ရော်ဂျာရဲ့ လက်ကိုကိုင်မြှောက်ကာ ချန်ပီယံလို့ ချီးကျူးပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါပြိုင်ပွဲကို ရွှေ့ဆိုင်းထားတယ်လို့ သိရပြီး ပြန်လည်ကျင်းပမယ့်ရက်ကို ကြေညာသွားမယ်လို့ သိရပါတယ်။ Sports.inquirer သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ရော်ဂျာဟာ ဆုတံဆိပ်ရရှိနိုင်မယ့် အခွင့်အရေးကိုတောင် လက်လွှတ်ခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Credit to Duwun Sports