ဆံပင် မကြာခဏဆေးဆိုးလေ့ရှိတဲ့ အမျိုးသမီးများ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုများ

111

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆံပင်ဆေးဆိုးပြီး အလှဆင်မှုနှုန်းမှာ ပိုများတယ်လို့ သိရပါတယ်။ ဆံပင်အရောင်ကို မကြာခဏ ဆေးဆိုးလေ့ရှိသူ အမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများကြောင်း National Institutes of Health က ထုတ်ပြန်ပါတယ်။

ဒီအကြောင်းကို DailyMial ကနေ ဖော်ပြထားတာဖြစ်ပြီး၊ ဒီလို သုတေသနပြုမှု သေသေချာချာ လုပ်နိုင်ဖို့ လူဖြူအမျိုးသမီးတွေနဲ့ အာဖရိက-အမေရိကန်အမျိုးသမီးပေါင်း (၅၀၀၀၀)ကို (၈)နှစ်အတွင်း သေချာလေ့လာ စစ်ဆေးခဲ့ရတယ်လို့ အဆိုပါ ဌာနက ပြောပါတယ်။

ဆံပင်ဆိုးဆေးတွေထဲမှာ လူရဲ့ သဘာဝနဲ့ အပ်စပ်ခြင်းမရှိတဲ့ ဘေးထွက်ဓာတ်ဆိုးတွေ ပါဝင်ကြောင်းသိရပါတယ်။ ပုံမှန် ဆံပင်ဆေးဆိုးသူတွေဟာ သာမန်အမျိုသမီးတွေထက် (၉)%အထိ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ အကယ်၍ (၅)ပတ်နဲ့ (၈)ပတ်အတွင်း ဆံပင်ဆိုးမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ခြေ (၃၀)%ထိ ပိုများမှာပါ။

National Cancer Institute ရဲ့အတည်ပြုချက်မှာတော့ ဆံပင်ဆိုးဆေးတွေမှာ ကျန်မားရေးအရ အလွန်မသင့်တော်တဲ့ ဓာတ်ပေါင်း (၅၀၀၀)ကျော်အထိ ပါဝင်တဲ့အတွက်၊ ဒီဆေးတွေဟာ ပြင်ပအလှကုန်လောကမှာ ရောင်းချခွင့်တောင် မပေးသင့်ဘူးလို့ ထောက်ပြနေကြပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)