၇ ရက်သားသမီး တစ်ပါတ်စာအထူးဟောစာတမ်း (ဒီဇင်ဘာ ၉ ရက်နေ့မှ၁၅ ရက်နေ့အထိ)

147

ဒီဇင်ဘာ ၉ ရက်နေ့မှ၁၅ ရက်နေ့အထိ တစ်ပါတ်စာအထူးဟောစာတမ်း

တနင်္ဂနွေ

သင်၏ အလုပ်အကိုင်မှာ တော်တော့ကို ကောင်းနေပါသည်။ ပိုင်းဆိုင်မှု့တွေလည်း တိုးတက်လာပါလိမ့်မည်။ အလှူမင်္ဂလာကိစ္စတွေလည်း ပေါ်လာပါလိမ့်မည်။ ကောင်းပါသည်။ ပစည်းဥစ္စာတွေလည်း တိုးတက်လာပါလိမ့်မည်။ ဝန်ထမ်းများဖြစ်ပါက ရာထူတိုးတက်ပါမည်။ အလုပ်တွင် နံမည်ကောင်းတွေလည်း ရရှိလာပါလိမ့်မည်။ သင့်အတွက် ပျော်စရာအကောင်းဆုံး အချိန်ဖြစ်တတ်ပါသည်။

ယခုအပတ်အတွင်း လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက အလွန်ကောင်းပါသည်။ အကျိုးမြတ်များစွား ရရှိပါလိမ့်မည်။ ငွေကြေးကံမှာ ကောင်းနေပါသည်။ လာဘ်လည်း အွန်ရွှင်နေပါလိမ့်မည်။ သင်၏ ကျန်းမာရေးကံမှာ ဘာမှစိုးရိမ်စရာမရှိလောက်အောင် ကောင်းနေပါသည်။

ပညာရေးကံမှာလည်း ကောင်းပါသည်။ ထူးချွန်သောအောင်မြင်မှု့တွေ ရရှိပါလိမ့်မည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးမှာလည်း ကောင်းပါသည်။ ပျော်ရွှင်မှုတွေရရှိပါလိမ့်မည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး အလွန်ကောင်းပါသည်။ သင်၏ ပြည်တွင်းပြည်ပ ခရီးကိစ္စမှာလည်း ကောင်းပါသည်။ ပျော်ရွှင်သော ခရီးစဉ်ဖြစ်တတ်ပါသည်။ သင်၏ကံကောင်းသော အရောင်မှာ အပြာရောင်ဖြစ်သည်။ သင်၏ကံကောင်စေသော ဂဏာန်းမှာ (၉၊၈)ဖြစ်ပါသည်။

ယခုအပတ်တွက် အကောင်းဆုံးယတြာကို ကျွန်ုပ်မှညွှန်ကြားပေးလိုက်သည်။ သပြေ(၆)ညွန့် အိမ်ဘုရား လှူပြီး မိမိလိုရာဆုတောင်းပါ။

တနင်္လာ

သင်၏ အလုပ်အကိုင်မှာ အနည်းငယ်တော့ ညံ့နေပါသည်။ အလုပ်အခြေအနေတွေ ဖရိုဖရဲတွေ ဖြစ်နေတတ်ပါသည်။ အလုပ်အကိုင် အကြံအစည်တွေလည်း လွဲချော်နေတတ်ပါသည်။ သင့်မျှော်လင့်ချက်တွေလည်း မှုန်းဝါနေတတ်ပါသည်။ သင့်စိတ်ကိုသေချာထိမ်းပြီး အလုပ်လုပ်ပါ အဆင်ပြေသွားပါလိမ့်မည်။

ဝန်ထမ်းများဖြစ်ပါက အကြီးအကဲကြောင့် စိတ်ညစ်ရတတ်ပါသည်။ စာရင်းဇယားကိစ္စတွေလည်း ဖြေရှင်းရတတ်ပါသည်။ ဒီအချိန်မှာ သင့်အနေဖြင့် ငြိမ်းငြိမ်နေတာ အကောင်းဆုံးပါပဲ။ ယခုအပတ်တွင်း လုပ်ငန်းသစ် စတင်လုပ်ကိုင်မည်ဆိုပါက မလုပ်ပါနှင့်။ ရင်နှီးထားတာတွေအားလုံး ကုန်သွားပါလိမ့်မည်။

သင်၏ငွေကြေးကံမှာ ကောင်းနေပါသည်။ ရစရာရှိတာတွေကတော့ လွှဲချော်သွားတတ်ပါသည်။ သင်၏ကျန်းမာရေးကံမှာ သွေးတိုးသောရောဂါ ဖြစ်တတ်ပါသည်။ သတိထားပါ။ ပညာရေးမှာတော့ကောင်းနေပါသည်။ အာရုံစူးစိုက်မှု့တော့ လိုအပ်ပါသည်။ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးကံမှာ အနည်းငယ်ညံ့နေတတ်သည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး စကားများရတတ်သည်။ သင်၏ ပြည်တွင်းပြည်ပခရီးကိစ္စမှာလည်း ကောင်းပါသည်။ တောင်အရပ်ကိုတော့ ရှောင်ပါ။ သင်၏ ကံကောင်းသောအရောင်မှာ အစိမ်းရောင်ဖြစ်သည်။ သင်၏ ကံကောင်စေသောဂဏာန်းမှာ (၄၊၇)ဖြစ်ပါသည်။

ယခုအပတ်တွက် အကောင်းဆုံးယတြာကို ကျွန်ုပ်မှညွှန်ကြားပေးလိုက်သည်။ နှင်းဆီ(၇)ပွင့်အိမ်ဘုရား လှူပြီးမိမိလိုရာဆုတောင်းပါ။

အင်္ဂါ

သင်၏ အလုပ်အကိုင်မှာ အနည်းညံ့နေပါသည်။ အလုပ်မှာ မလုပ်သင့်တာတွေ လုပ်ဖြစ်တတ်ပါသည်။ ဂရုစိုက်ပါ။ အလုပ်မှာရန်ရှိပါသည်။ ရှောင်ပါ။ ဒီအချိန်မှာ မိတ်ဆွေကလည်း ရန်သူဖြစ်သွားတတ်ပါသည်။ ဘယ်သူအပေါ် ဘယ်လောက်ကောင်းအောင် လုပ်ပေးလုပ်ပေး အကောင်းအမြင်မခံရတတ်ပါ။ ဝန်ထမ်းများဖြစ်ပါက သင်မလုပ်သင့်တာတွေ လုပ်မိတတ်တယ် သတိထားပါ။ သင့်အလုပ်မှာလည်း မပျော်ရွှင်သလို ဖြစ်နေရတတ်ပါသည်။ မကြာခင်တော့ အားလုံး ကောင်းလာပါလိမ့်မည်။ ယခုအပတ်တွင်း လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက မလုပ်သေးပါနှင့်။

ငွေကြေးကံမှာ လာဘ်ပိတ်နေတတ်ပါသည်။ သင်၏ကျန်းမာရေးမှာ အစာအိမ်ရောဂါဖြစ်တတ်ပါသည်။ စိုးရိမ်စရာတော့မလိုပါ။ ပညာရေးမှာတော့ ကောင်းနေပါသည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးကံမှာကောင်းနေပါသည် ချမ်းမြေ့ကြည်နူးဖွယ်များ ကြုံတွေ့ရတတ်သည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးကောင်းနေပါသည်။ သင်၏ ယခုအပတ်ပြည်တွင်း ပြည်ခရီးသွားမည်ဆိုပါက ကောင်းပါသည်။ ရေလမ်းခရီးကိုတော့ရှောင်ပါ။ သင်၏ ကံကောင်းသောအရောင်မှာ ခရမ်းရောင်ဖြစ်သည်။ သင်၏ ကံကောင်စေသောဂဏာန်းမှာ (၃၊၉)ဖြစ်ပါသည်။

ယခုအပတ်တွက် အကောင်းဆုံးယတြာကို ကျွန်ုပ်မှညွှန်ကြားပေးလိုက်သည်။ သောက်တော်ရေ(၈)ခွက်၊ ယပ်(၈)ချောင်း အိမ်ဘုရားလှူပြီး မိမိလိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး

သင်၏ အလုပ်အကိုင်မှာ ကောင်းနေပါသည်။ ရတနာပစ္စည်းတွေလည်း ဝင်လာတတ်ပါသည်။ အလုပ်မှာ လည်းတိုးတက်မှု့များစွာ ကြုံတွေ့ရတတ်ပါသည်။ စီးပွါးရေးကလည်း တော်တော်လေး ကောင်းလာပါလိမ့်မည်။ မိတ်ဆွေကောင်းတွေလည်း တိုးလာပါလိမ့်မည်။ ဝန်ထမ်းများဖြစ်ပါက အလုပ်တွင် ရာထူးတိုးမည်။ အလုပ်ကိစ္စတွေလည်း အားလုံး အဆင်ပြေလာပါလိမ့်မည်။ အောက်လက်ငယ်သားရော အထက်လူကြီးပါ သင့်ကိုကူညီမှု့တွေ ပေးပါလိမ့်မည်။ ယခုအပတ်တွင်း လုပ်ငန်းသစ်စတင်လုပ်ကိုင်ပါက ကောင်းပါသည်။လုပ်ဖြစ်အောင်လုပ်ပါ အကျိုးပေးမည်။

သင်၏ငွေကြေးကံမှာလည်း ကောင်းနေပါသည်။ လာဘ်လာဘပေါးများသော အချိန်ဖြစ်ပါသည်။ သင်၏ကျန်းမာရေးလည်း ကောင်းနေပါသည်။ ပညာရေးကံမှာလည်း ကောင်းနေပါသည်။ ထူးချွန်စွာအောင်မြင်ပါလိမ့်မည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးမှာလည်း ကောင်းနေပါသည်။ ကြည်နူးပျော်ရွှင်ရပါလိမ့်မည်။

အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးသုခ အပြည့်အဝရရှိလိမ့်မည်။ သင်၏ ပြည်တွင်းပြည်ပခရီးကိစ္စမှာလည်း ကောင်းပါသည်။ နိုင်ငံခြားခရီးစဉ် ဆိုလျှင် သင့်အတွက် ပိုအကျိုးထူးပါလိမ့်မည်။ သင်၏ ကံကောင်းသော အရောင်မှာ ဆင်စွယ်ရောင်ဖြစ်သည်။ သင်၏ ကံကောင်စေသော ဂဏာန်းမှာ (၁၊၂)ဖြစ်ပါသည်။

ယခုအပတ်အတွက် အကောင်းဆုံးယတြာကို ကျွန်ုပ်မှ ညွှန်ကြားပေးလိုက်သည်။ ငွေထီး(၁၁)လက် အိမ်ဘုရားလှူပြီး မိမိလိုရာဆုတောင်းပါ။

ကြာသပတေး

သင်၏ အလုပ်အကိုင်မှာ ကောင်းနေပါသည်။ ဒီအချိန်မှာ သင်စိတ်ဓာတ်မကျဖို့တော့ အရေးကြီးပါတယ်။ အလုပ်အကိုကလည်း အနည်းငယ် စိတ်ညစ်စရာလေးတွေတော့ ရှိနေတတ်ပါသည်။ မမျှောလင့်ပဲ သင့်အတွက် ပြည့်စုံမှု့တွေလည်း ရောက်ရှိလာပါလိမ့်မည်။ စီးပွါးရေးလည်း ကောင်းလာပါလိမ့်မယ်။

ဝန်ထမ်းများဖြစ်ပါက အခြေနေတွေ တိုးတက်လာပါလိမ့်မည်။ အလုပ်နေရာကောင်းတွေလည်း ရရှိလာပါလိမ့်မည်။ ယခုအပတ်တွင်း လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက အလွန်ကောင်းပါသည်။ လုပ်ဖြစ်အောင်လုပ်ပါ အကျိုးပေးပါလိမ့်မည်။ သင်၏ေ ငွကြေးကံမှာလည်း ကောင်းနေပါသည်။ သင်ရစရာရှိတာတွေလည်း ပြန်လည်ရရှိပါလိမ့်မည်။

ကျန်မာရေး ဝမ်းဗိုက်တော့ ခဏခဏအောင့်တတ်ပါသည်။ စိုးရိမ်စရာမလိုပါ။ ပညာရေးမှာ ကောင်းနေပါသည်။ အောင်မြင်မှု့တွေလည်း ရရှိပါလိမ့်မည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးကံမှာ ကောင်းနေပါသည်။ အိမ်ထောင်ရှင်များဖြစ်ပါက အိမ်ထောင်ရေး အိမ်ထောင်ဖက်ခရီးသွားရ၍ ခဏတာခွဲခွာရတတ်သည်။ သင်၏ပြည်တွင်းပြည်ပခရီးကိစ္စမှာ ကောင်းပါသည်။ သင်မရောက်ဖူးသော ခရီးလည်းသွားရတတ်ပါသည်။ အကျိုးပေးပါလိမ့်မည်။ သင်၏ ကံကောင်းသောအရောင်မှာ အနီရောင်ရောင်ဖြစ်သည်။ သင်၏ ကံကောင်စေသောဂဏာန်းမှာ (၂၊၉)ဖြစ်ပါသည်။

ယခုအပတ်အတွက် အကောင်းဆုံးယတြာကို ကျွန်ုပ်မှညွှန်ကြားပေးလိုက်သည်။ ဇော်စိမ်း(၁၂)ညွန့် အိမ်ဘုရားလှူပြီး မိမိလိုရာဆုတောင်းပါ။

သောကြာ

အလုပ်အကိုင်မှာ ညံ့နေပါသည်။ အလုပ်အကိုင်ကိစ္စတွေ လွှဲချော်နေတတ်ပါသည်။ အလုပ်တွင်လည်း အမြဲလိုလို ပြဿနာတွေ ဖြေရှင်ရတတ်ပါသည်။ သင့်ရုံကြည်ရသော သူတွေကလည်း သင့်ကိ ုမကောင်းကြံတတ်သည်။ သတိထားပါ။ ဒီအချိန်မှာ သင့်အနေဖြင့် လမ်းပျောက်သလို ဖြစ်နေတတ်ပါသည်။

ဝန်ထမ်းများဖြစ်ပါက အလုပ်၌ စိတ်အလွန်ရှုပ်နေရတတ်ပါသည်။ ရရှိမည့် အခွင့်အရေးကလည်း လွဲချော်နေတတ်သည်။ ယခုအပတ်တွင်း လုပ်ငန်းသစ်များ စတင်လုပ်ကိုင်မည်ဆိုပါက လုံးဝမလုပ်ပါနှင့် အရှုံးပေါ်တတ်သည်။သင်၏ငွေကြေးကံမှာ ကောင်းနေပါသည်။ ငွေကြေးအာမခံတော့မပေးပါနှင့် ပြဿနာပေါ်တတ်ပါသည်။

သင်၏ ကျန်းမာရေးကံမှာ အနည်းငယ်ညံ့နေတတ်ပါသည်။ သွေးအားနည်းခြင်း ရောဂါဖြစ်တတ်ပါသည်။ ယခုအပတ်အတွင်း သင်သည် ပညာရေးကောင်းနေပါသည်။ သင့်ဖက်ကကြိုးစားဖိုတော့ လိုနေပါသည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးမှာ ကောင်းနေသော်လည်း အနည်းငယ်စကားများရတတ်သည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး အတိုက်အခံပေါ် အနည်းငယ်ပေါ်လာမည်။ ယခုအပတ်အတွင်း ပြည်တွင်းပြည်ပခရီးပေါ်လျှင် ကောင်းပါသည်။ မြောက်အရပ်ကိုတော့ ရှောင်ပါ။သင်၏ ကံကောင်းသောအရောင်မှာ နီညိုရောင်ဖြစ်ပါသည် သင်၏ ကံကောင်စေသောဂဏာန်းမှာ (၆၊၃)ဖြစ်ပါသည်။

ယခုအပတ်အတွက် အကောင်းဆုံးယတြာကို ကျွန်ုပ်မှညွှန်ကြားပေးလိုက်သည်။ ရွက်လှ(၈)ညွန့် အိမ်ဘုရားလှူပြီး မိမိလိုရာဆုတောင်းပါ။

စနေ

သင်အလုပ်အကိုင်မှာ အကောင်းကြီး မဟုတ်ပေမဲ့ အသင့်တင့်တော့ ရှိနေပါသည်။ အလုပ်အကိုင်မှာ စိတ်အနှောက်ယှက်တော ့အနည်းငယ်များ နေရတတ်ပါသည်။ မသိနားမလည် သူတွေကို ရှောင်ပါသင့်အတွက် အန္တရာယ်ပေးနိုင်ပါသည်။ သူတပါးကိုလည်း အာမခံလုံးဝမပေးပါ နှင့်ညံ့တတ်ပါသည်။

ဝန်ထမ်းများဖြစ်ပါက အပြောင်းအလဲတွေ ပေါ်တတ်ပါသည်။ ကောင်းသော အပြောင်းလဲဖြစ်ပါလိမ့်မည်။ အောက်လက်ငယ်သားကိုလည်း မျက်နှာသာ မပေးပါနှင့် သင့်ကို ဒုက္ခပေးတတ်ပါသည်။ ယခုအပတ်တွင်း လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက မလုပ်ပါနှင့်။ ညံ့တတ်ပါသည်။ သင်၏ငွေကြေးကံမှာ ကောင်းနေပါသည်။ သင့်လက်ထဲ၌ငွေတော့မမြဲတတ်ပါ။

သင်၏ ကျန်းမာရေးမှာ အစာမကြေသောရောဂါဖြစ်တတ်ပါသည်။ စိုးရိမ်စရာမရှိပါ။ ပညာရေးကံမှာတော့ ကောင်းနေပါသည်။ ငယ်ရွယ်သူများဖြစ်ပါက အချစ်ရေးမှာ စကားပြောအဆင်မပြေ၍ အချစ်ရေးပျက်တတ်သည်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေး သာယာပျော်ရွှင်ရပါလိမ့်မည်။ သင်၏ ပြည်တွင်းပြည်ပခရီးကိစ္စ ပေါ်လျှင် မကောင်ပါ။ စိတ်ညစ်စရာကောင်းသော ခရီးဖြစ်ပါသည်။ ကံကောင်းသော အရောင်မှာ အဝါရောင်ဖြစ်သည်။ သင်၏ ကံကောင်စေသော ဂဏာန်းမှာ(၂၊၇)ဖြစ်ပါသည်။

ယခုအပတ်တွက် အကောင်းဆုံးယတြာကို ကျွန်ုပ်မှညွှန်ကြားပေးလိုက်သည်။ မေမြို့ပန်း (၅)ပွင့် အိမ်ဘုရားတွင်လှူပြီး မိမိလိုရာဆုတောင်းပါ။

ဆရာအောင်ချစ်မင်း (042 259 5544)