၂၀၂၀ ခုနှစ်ထဲမှာ မင်းထူးမင်းမြတ် ပေါ်လာလိမ့်မယ်လို့ ဟောလိုက်တဲ့ ကလေးဝ ဆရာတော်ကြီး

259

၂၀၂၀ ခုနှစ်ထဲမှာ မင်းထူးမင်းမြတ် ပေါ်လာလိမ့်မယ်လို့ ဟောလိုက်တဲ့ ကလေးဝ ဆရာတော်ကြီးရဲ့ အနာဂတ် ဟောစာတမ်း

မြန်မာပြည်ကြီး ချမ်းသာဖို့နီးပြီ…”အဘိုးကလေးဝဆရာတော်၏ အနာဂါတ်ဟောတမ်း” တိုင်းပြည်အနာဂတ်အတွက် ဘောင်းဘီဝတ်တွေလာမယ် ။

ဘုရားအဆူဆူတွင်စစ်ဖိနပ်သံတွေ ကြား နေရ တယ်၊ ရေစက်ခွက်ကိုင်လည်းဘောင်းဘီဝတ်တွေဘဲ၊ ၂ဝဝဝခုနှစ်ကစလို့ သကြားသာသနာစပြီ။ နဂါးတွေတာဝန်ပေးလိုက်ပြီ ။

ကပ်ဆေးမယ် ရေတွေကြီးမယ် မီးတွေလောင် မယ်၊ မီးတောင်တွေပေါက်မယ်၊ အစုလိုက်အပြုံလိုက်တွေ သေမယ်။

ခုကအခွန်ဘဏ္ဍာကောက်မယ်၊ချစ်တီးခေါင်းလယ်ထွန်မယ်၊ များများချမ်းသာ များများဒုက္ခရောက်မယ်။

ခုဂု မ္ဘဏ်ဘီလူးတပ်တွေ သိကြားမင်းလွတ်လိုက် ပြန်ပြီ။ သဘာဝဘေးအပြင် စစ်ဘေးတွေပါလာတော့မယ် ။ တကျပ်မှာတမတ်ဘဲကျန်မယ် ။

၂၀၁၆ မှ ၂၀၂၀ အတွင်း အဖေကလည်း သား မကယ်နိုင်၊ သားကလည်းအဖေ မကယ်နိုင် ခေတ်ဆိုးကြီးလာမယ် ။ မိသားစုတွေ တကွဲတပြားဖြစ်ကြမယ် ။

နေပူထဲ ဖိနပ်မပါ ထီးမပါဘဲသွားနိုင်အောင် ဆန်ကြမ်း စားနိုင်အောင်ကြိုးစားထားကြ။

ကပ်ကြီးသုံးပါးလုံးလာမယ် ။ သရဏဂုံတည်ကြ၊ ငါးပါးသီလ​မြဲ​ကြကွ၊ ခေတ်ဆိုး ကြီးလာမယ် ။

၂၀၂၀ မှစလို့ မင်းထူးမင်းမြတ်ပေါ်မယ်။ မှီအောင်ကြိုးစား မြန်မာတွေချမ်းသာ လွန်းလို့ သေတဲ့လူတွေကိုသတိရမယ်။

ဒုတိယအမေရိကန်ဖြစ်မယ်။ တစ်ရာ့တစ်ပါးလူမျိုးတွေလာရောက်ဦးခိုက်ကြမယ်။

သာသနာကမ္ဘာလွမ်းမယ်။ မှီအောင်ကြိုးစားပါ ။

၁၆ မှ ၂၀ တွင်း မင်းလေးပါးစုံ ရွှေတိဂုံကိန်းကျမယ် ။ တရုတ် အမေရိကန် အိန္ဒိယ မြန်မာ လေး မင်း စစ်ပွဲတွေရှိတယ်။ ၂၀၂ဝကျပေါ်မယ့် မင်းက ဗုဒ္ဓရာဇာမင်းဘဲ။ စင်္ကြာမင်းတမျှ ဘုန်းကြီးမယ်။

လူစွမ်းကောင်းလေးယောက် ရောက်ပါမယ်။ တစ်ယောက်ကမြေ ကျောရှုံ့နိုင်တယ်၊ တစ်ယောက်ကသြဇာတိက္ခမကြီးတယ်၊တစ်ယောက်ကအရပ်လေးမျက်နှာမှရန်သူတွေဖြိုခွင်းနိုင်တယ်၊

တစ်ယောက်ကပြဒါးသံသေပြီး တိုင်းပြည်တစ် ပြည်လုံးကိုဝအောင်ကျွေးနိုင်တယ်၊ ပဒေသာပင်သီးတဲ့ခေတ်ကြီးလာမယ်။

ယခုမြင်နေရတဲ့ တောင်တွေဟာစိန်တောင်ရွှေ တောင် ပတ္တမြားတောင်တွေဘဲ။ အဲ့ဒီခေတ်ကြီးကိုမှီအောင်ကြိုးစာကွယ့် ။

(အဘိုးကလေးဝဆရာတော်)

Writer ; Kwee (Jeeptoolay)

naethitmyanmar