အရမ်းအေးတဲ့ ဆောင်းရာသီမှာ အိမ်ခြေမဲ့ များအတွက် လမ်းဘေးမှာ အနွေးထည်များ ချိတ်ပေးထားတဲ့ နေရာ

106

အခုတစ်လော အအေးလိုင်းဖြတ်ကျော်မှာမို့ မြန်မာနိုင်ငံရဲ့ နေရာဒေသ တော်တော်များများမှာ သာမန်ထက် ပိုမိုအေးတာလည်း အားလုံး အသိပဲဖြစ်ပါတယ်နော်။ အခုဆိုရင်ယခင်က လူဦးရေ ထူထပ်ပြီး ၊မော်တော်ကား အများအပြား ရှိတဲ့ မြို့တော် ရန်ကုန်ပင် အတော်သင့်သာအေးတဲ့ အခြေအနေတစ်ရပ်ဖြစ်နေပါတယ်။မြန်မာနိုင်ငံရဲ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူးရုံးကလည်း အခုရက်ပိုင်း ဒီဇင်ဘာ ၇-၁၃ ရက်နေအထိအအေးလိုင်းဖြတ်သန်းမယ်လို့ ကြေငြာထားတာကြောင့် လုံးဝ မပေါ့ဆသင့်ပါဘူးနော်။

ဒီလို အအေးလိုင်းဖြတ်ပြီး အရမ်းအေးနေတဲ့အချိန်မျိုးမှာ ကိုယ်တွေလို သာမာန်လုပ်ကိုင်စားပြီး အိပ်ယာနဲ့ စောင်နဲ့ အိပ်ရတဲ့သူတွေပင် အေးလွန်းလှတော့ အိမ်ယာမဲ့ပြီးလမ်းဘေးမှာ ဖြစ်သလိုအိပ် ၊ အဆင်ပြေသလိုစားဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေဘယ်လိုများရှိလိမ့်မလဲလို့ တွေးဆမိရင်း စိတ်မကောင်းဖြစ်မိပါတယ်။

ဒီလိုအဖြစ်နဲ့ ပတ်သတ်ပြီး အိုင်ယာလန်နိုင်ငံက ဒပ်ပလင်မြို့မှာတော့ အခုလို ဆောင်းရာသီဖြစ်ပြီး အေးတဲ့အချိန်တွေဆိုရင် လူအသွားအလာများတဲ့ တံတားလေးပေါ်မှာအနွေးထည်လေးတွေကို ချိတ်ထားတတ်ပါတယ်။ ပြီးတော့ ခြင်းတောင်းလေးတစ်ခုလည်း ချထားပြီးတော့ အဲ့အထဲမှာ လက်အိတ်ခြေအိတ် နဲ့ ခေါင်းစွပ်လေးတွေပါ ထည့်ထားတာကိုတွေ့ရပါတယ်။ ဘေးမှာတော့ စာလေးရေးထားပါတယ်။ “လိုအပ်သူ တစ်ထည်ယူသွားပါ ၊ လှူချင်တယ်ဆို တစ်ထည်ချိတ်ဆွဲခဲ့ပါ” ဆိုတဲ့ စာတမ်းလေးကို ချိတ်ဆွဲထားပြီးတော့ အိမ်ယာမဲ့တွေအတွက် အတော်လေး အထောက်အကူဖြစ်စေတာတွေ့ပါတယ်။

ဒါမျိုးလေးတွေ မြန်မာနိုင်ငံမှာ လုပ်ရင်မကောင်းဘူးလားလို့ တွေးမိပါရဲ့။ ဒါပေမယ့်လိုလို မလိုလို အကုန်ယူတတ်တဲ့ အတ္တကြီးတွေအကြားမှာ ဘယ်လောက်မှပင် ခံလိုက်မှာမဟုတ်သလို ၊ တကယ်လိုတဲ့ လူတွေ လက်ထဲရောက်ဖို့ကလည်း ရာခိုင်နှုန်းနည်းပါတယ်နော်။ FOOD BOX ကတော့ အကောင်းဆုံး ဥပမာပါပဲနော်။ ဒါကြောင့် မြန်မာတွေစိတ်ဓာတ်တွေ ပြင်သင့်ကြပါပြီ။ အလှူရှင်တွေလည်း စိတ်မပျက်အောင် ၊ လှူသူတွေလည်း လက်ထဲရောက်ရှိအောင် မလိုအပ်ပဲ မယူကြဘူးဆိုရင်တော့ ဒီအစီအစဉ်လေးလည်း မြန်မာနိုင်ငံမှာ အောင်မြင်လောက်မှာပါနော်။

Writer – SMT( Shwe Yaung Lan)