စက်ရုံမီးလောင်ပြီး အိပ်နေတဲ့ အလုပ်သမား (၄၃)ဦးသေဆုံး

240

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ စက်ရုံတစ်ခု မီးလောင်ခဲ့ရာ စက်ရုံအတွင်းမှာ အိပ်စက်နေတဲ့ အလုပ်သမားတွေအနက် (၄၃)ဦး မီးလောင်ကျွမ်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

စက်ရုံဟာ ခြောက်ထပ်အဆောင်ဦဖြစ်ပြီး၊ မီးကူးစက်လောင်ကျွမ်းမှုက လျှင်မြန်ခဲ့တာကြောင့် တော်တော်များများ ပိတ်မိခဲ့ပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုမှာ မနက်လင်းလုစအချိန်၊ အိပ်လို့နှပ်လို့ ကောင်းတဲ့အချိန်မှာ မီးက စတင်လောင်ကျွမ်းခဲ့တာပါ။

မီးလောင်ရာကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်ရောက်သွားခဲ့ပေမယ့်၊ အချိန်တော်တော်ကြာသည်အထိ ထိရောက်တဲ့ ကယ်ဆယ်မှုတွေ မလုပ်ခဲ့နိုင်ပါဘူး။

The Sun က နေဖော်ပြထားတဲ့ သတင်းမှာတော့ (၄၃)ဦး သေဆုံးခဲ့ကြောင်း၊ လူ(၅၀)ကျော် အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ပြီး၊ (၁၆)ဦးကိုတော့ မီးခိုးမွှန်တဲ့ ပြဿနာတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့၊ မီးလောင်ဒဏ်ရာတွေကြောင့် ဆေးရုံအရေးပေါ်တင်ထားတယ်လို့ သိရပါတယ်။

အခင်းဖြစ်ရာနေရာကို မီးသတ်ကား (၂၅)စီး စေလွှတ်ခဲ့ပြီး၊ မီးဘာကြောင့် လောင်ရတာလဲဆိုတာတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ စက်ရုံမှာ လက်ကိုင်အိတ်ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး၊ ကုန်ကြမ်းပစ္စည်းတွေကလည်း မီးလောင်လွယ်တဲ့အရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

လင်းဇော်ကို (D Nae Khit)