ဆယ်တန်းကျောင်းသား လေး ပျောက်နေပြီး မိဘများ စိတ်ပူနေ၍ ကူညီပေးကြပါရန် တောင်းဆို

151

ဒီဇင်ဘာ(၉)AlinnMyay(အလင်းမြေ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ခေါ်သန္တီ ကျေးရွာ ဦးနိုင်မြင့်၊ ဒေါ်ခင်မာ တို့၏ သားဖြစ်သူ (၁၀) တန်းကျောင်းသား မောင်ဇေယျာမင်း (၁၇) နှစ်သည် စစ်ကိုင်းတိုင်းဒေသကြီး ထန်းတစ်ပင် ဇီးကုန်း အားသစ်မာန် ကိုယ်ပိုင် အထက်တန်းကျောင်းတွင် အဆောင်နေကာ ပညာသင်ကြားနေရာမှ နို်ဝင်ဘာလ ၂၀ ရက် ၂၀၁၉ နေ့တွင် စတင်ပျောက်ဆုံးကာ ယနေ့အချိန်အထိ အဆက်အသွယ်မရပဲ ရှာဖွေတွေ့ရှိခြင်းမရှိကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှာ ပျောက်ဆုံးသည့်နေ့မတိုင်ခင် (၁၀) တန်းကျောင်းသားမောင်ဇေယျာမင်းမှာ ကျောင်းတက်မမှန်ခြင်း၊ ကျောင်းစည်းကမ်းများလိုက်နာမှု အားနည်းခြင်းတို့ကြောင့် ကျောင်းက ဆရာကြီးများမှ မိဘများကို သတိပေးရန်ခေါ်ယူခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ပျောက်ဆုံးသည့်နေ့တွင် မိဘများမှ ကျောင်းကို ရောက်ရှိလာချိန်တွင် ကျောင်းသားဖြစ်သူ မောင်ဇေယျာမင်း မှာ ကျောင်းတွင်မရှိတော့ပဲ ပျောက်ဆုံးနေရာမှ ယခုအချိန်အထိ ပြန်မတွေ့ သေးကြောင်းသိရသည်။

အဆိုပါ ပျောက်ဆုံးနေသူ (၁၇) နှစ်အရွယ် (၁၀) တန်းကျောင်းသား မောင်ဇေယျာမင်း ပျောက်ဆုံးနေမှုအား သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် လူပျောက် အမှတ်စဉ်(၅/၂၀၁၉) ဖြင့် လူပျောက်အမှုဖွင့် တိုင်ကြားထားကြောင်းသိရသည်။

ထို့ကြောင့် ပျောက်ဆုံးနေသူ မောင်ဇေယျာမင်း အား တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားပေးကြပါရန် မိဘများရဲ့ ကိုယ်စား AlinnMyay(အလင်းမြေ) မီဒီယာ မှ ထပ်ဆင့် အကူအညီတောင်းခံပေးလိုက်ပါသည်။

#AlinnMyay(အလင်းမြေ)