စာသင်ဖို့ ပိုက်ဆံမရှိတဲ့ ကလေးပေါင်း အယောက် ၆၀ ကို ကျောင်းထားပေး နေတဲ​့ မအေးသောင်း

197

သရုပ်ဆောင်မအေးသောင်း ကတော့ မင်းသမီးချောတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခြင်းကိုရရှိထားသူလေးပါ မအေးသေယင်းကတော့ အလှူအတန်းရက်ရောသလို လူမှုကွန်ယက်မှာ Feel ပို့စ်လေးတွေ Share လုပ်နေတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အပျို ကြီးအဖြစ် ရပ်တည်နေတဲ့ မအေးသောင်းဟာ ဖူးစာရှင်ကို ခုထက်ထိ ချပြသေးခြင်းမရှိပေမယ့် လူမှုကွန်ယက်မှာတော့ မကြာခဏ ရိုမန်းတစ်ပို့စ်လေးတွေတင်နေတတ်သူပါ။ ဒါကြောင့်လည်း မအေးသောင်းရဲ့ ချစ်သူကို ပရိသတ်တွေက သိချင်နေကြတာပါ။

ယခုအခါမှာတော့ မအေးသောင်းက သူ့အနေနဲ့ ကလေး ၆၀ လောက်ကို ပညာသင်ကြေးထောက်ပံ့ကာ ပညာသင်ပေးနေတဲ့အကြာင်း အင်တာဗျူးတစ်ခုမှာပြောကြားခဲ့တာပါ။သူမအနေနဲ့ ဒီလိုကျောင်းထားပေးခဲ့တာဟာ ခြောက်နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး တစ်ချို့ဆိုရင် ဆယ်တန်းအောင်သွားပြီလို့ သူမကဆိုခဲ့တာပါ။သူမဟာ ပိုက်ဆံအပိုအလျှံရှိလာရင်လည်း လှူရင်လှူ မလှူရင် မိဘကိုသာကန်တော့လေ့ရှိတယ်လို့လည်းပြောကြားခဲ့ပါသေးတယ်။သူမအနေနဲ့ အပျိုကြီးအဖြစ်ဆက်လက်ရပ်တည်ဖို့ကဘယ မသေချာတဲ့အကြောင်းလည်း ပြောကြားခဲ့တာမို့ ပရိသတ်တွေကတော့ ဆက်လက်စိတ်ဝင်စားနေကြပါတယ်။

မအေးသောင်းရဲ့ ငွေကြေးစီမံပုံလေးကတော့ တကယ့်ကို သာဓုခေါ်ရမယ့် ချီးကျူးစရာလေးပါပဲနော်။ ပရိသတ်ကြီးလည်း မအေးသောင်းရဲ့ ဖြူ စင်တဲ့ စိတ်ထားလေးကို သိရှိရအောင် တင်ဆက်ပေးလိုက်ပါတယ်။

Writer – Magic(Shwe yaung Lan)