နယူးဇီလန်မှာ ရုတ်တရက်မီးတောင်ပေါက်ကွဲ၊ (၅)ဦးသေဆုံးပြီး လူရာနဲ့ချီပျောက်ဆုံးနေ

170

နယူးဇီလန်မှာ ဒီကနေ ခရီးသွားဧည့်သည်တွေ စည်ကားလွန်းတဲ့ နေရာတစ်ခုမှာ ရုတ်တရက် မီးတောင်ပေါက်ကွဲခဲ့လို့ လူ(၅)ဦး သေဆုံးပြီး၊ လူရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ Metro သတင်းက ဖော်ပြထားပါတယ်။ ဒီအကြောင်းကို AlinnMyay က ဘာသာပြန်လိုက်တာပါ။

Bay of Plenty ကျွန်းပေါ်မှာ မီးတောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး လက်တလော အသက်ရှင်လျှက် ကယ်တင်နိုင်သူမှာ (၂၃)ယောက်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျွန်းပေါ်မှာ မီးတောင်ပေါက်ကွဲချိန်မတိုင်မီ ခရီးသွားဧည့်သည် အနည်းဆုံး လူ(၅၀)လောက် ရှိနေတယ်လို့ သိရပါတယ်။

ဒီကနေမနက်ခင်းပိုင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ သတင်းထုတ်ပြန်မှုမှာ သေဆုံးသူဦးရေဟာ ဒီထက်မက ပိုများလာနိုင်ကြောင်း သိရပြီး၊ တစ်ချို့သော သတင်းတွေမှာတော့ လူ ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့တောင် ပြောပါတယ်။ ပျောက်ဆုံးသူတွေနဲ့လည်း ယခုအချိန်ထိ အဆက်အသွယ် မရသေးပါဘူး။

မီးတောင်ပေါက်ကွဲနိုင်ခြေ ရှိနေပါလျှက်ကနဲ့ ဘာလို့ ခရီးသွားတွေကိုလည်း လည်ပတ်သွားလာခွင့် ပြုထားတာတာလဲဆိုပြီး အခုလိုအခြေအနေမှာ နိုင်ငံတကာ သတင်းမီဒီယာတွေက မေးခွန်းထုတ်နေကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ သူတို့ဟာ မီးတောင်ပြာမှုန့် ပေနေတဲ့ လူတွေကို ကယ်ဆယ်ခဲ့ကြောင်း-

တစ်ချို့မှာ စိုးရိမ်ရတဲ့ အနေအထားကို တွေ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။ မျက်မြင်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အမျိုးသားတစ်ဦးက သူဟာ မီးတောင်ပေါက်တဲ့နေရာကနေ ပြန်လာတာ မိနစ်(၂၀)လောက်ရှိချိန်မှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ သူတို့ မိသားစု အလွန်ကံကောင်းခဲ့ကြောင်း ပြောခဲ့ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)