အအေးလှိုင်းဖြတ်ချိန် သမီးကို စောင်အကုန်ပေးပြီး စောင်မခြုံဘဲ အိပ်လို့ သေသွားခဲ့တဲ့ ဖခင်

172

ထိုင်းနိုင်ငံ မြောက်ပိုင်းက အသက် (၃၈) နှစ်အရွယ် ဖခင် တစ်ဦးဟာ သူ့သမီး (၂) ယောက်ကို စောင်ပေးပြီး စောင်မခြုံဘဲ အိပ်တဲ့ အချိန်မှာ အေးခဲလွန်းတာကြောင့် သေဆုံးသွားခဲ့ရပါတယ်။

သူ့ရဲ့ အမျိုးတွေက သူဟာ သူ့ရဲ့ ဇနီးသည်နဲ့ လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ကွာရှင်းသွားခဲ့ပြီး၊ သူ့သမီး (၂) ယောက်နဲ့ အတူ နေလာခဲ့တာ ဖြစ်တယ်လို့ ပြောပြသွားခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းဟာ လက်ရှိရာသီမှာ အပူချိန် (၉ ဒီဂရီ ဆဲလ်စီယပ်) သာ ရှိတာကြောင့် အလွန် အေးပြီး၊ ညဖက်ဆိုရင် ပို အေးတာကြောင့် စောင်ထူထူ ခြုံပြီး အိပ်မှပဲ နွေးနိုင်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အခုလို ရာသီဥတု အေးလွန်းတာကြောင့် ဒီကလေး (၂) ဦးရဲ့ ဖခင် အပါအဝင် စုစုပေါင်း လူ (၃) ဦး သေသွားခဲ့ပြီ ဖြစ်တယ်လို့ WorldofBuzz က ဖော်ပြပါတယ်။

ဖခင်ဖြစ်သူဟာ စောင် (၃) ခုသာ ရှိတာကြောင့်၊ စောင် (၃) ခု စလုံးကိုိ သူ့သမီး (၁) ဦး ပေးပြီး၊ သူ့သမီး (၁) ဦးကတော့ အမျိုးအိမ်မှာ သွားအိပ်ပြီး၊ သူက စောင်မခြုံဘဲနဲ့ အိပ်ရာ ဝင်ခဲ့ပါတယ်။

ဖခင်ဖြစ်သူဟာ လက်ရှည် အင်္ကျီတစ်ထည်ကို ဝတ်ပြီး အိပ်ခဲ့ပေမဲ့လည်း အခုလို အေးချမ်းလှတဲ့ရာသီမှာ အအေးဒဏ်ကို မခံနိုင်တာကြောင့် မနက်ပိုင်းရောက်တော့ ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

သူနဲ့ အတူ နေတဲ့ သူ့ရဲ့ သမီးဟာ ညဖက် တစ်ရေး နိုးတဲ့ အချိန်မှာ သူ့အဖေကို စောင်တစ်ထည် ခြုံပေးခဲ့ပြီး မနက်ရောက်တော့ သူ့အဖေ့ကို သွားနိုးခဲ့ပေမဲ့ သူ့အဖေ မနိုးခဲ့တော့တာ ဖြစ်ပါတယ်။

သမီးဖြစ်သူက အမျိုးတွေကို သွားခေါ်ပြီး အမျိုးတွေ ရောက်လာတဲ့ အချိန်မှာ အမျိုးတွေက သူ့ရဲ့ အဖေဟာ အအေးဒဏ်ကြောင့် သေဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ အတည်ပြု ပြောသွားခဲ့ပါတယ်။

Ko Khant ( D Nae Khit Media )