မွေးလူနာတစ်ဦးမိခင်ရော ကလေးပါ အသက်ဆုံးရှုံးရတဲ့ ဖြစ်ရပ်

118

ထီးချိုင့်ပြည်သူ့ ဆေးရုံတွင် မွေးလူနာတစ်ဦးမိခင်ရော ကလေးပါ သေဆုံး

ထီးချိုင့် ပြည်သူ့ဆေးရုံမှာ ကိုယ်ဝန်ဆောင်မိခင် မွေးလူနာတစ်ဦး ဒီဇင်ဘာလ ၄ ရက်နေ့ ည ၉း၃၀ နာရီအချိန်ခန့်က မိခင်ရော ကလေးပါ မတော်တဆ သေဆုံခဲ့ရမှု ဖြစ်ပွားခဲ့တယ် လို့ ကာယကံရှင်များဘက်က ပြောပါတယ် ။

” ကျွန်တော်တို့ မွေးလူနာအဖြစ် ၂.၁၂.၂၀၁၉ ရက်နေ့မှာ ဆေးရုံတက်ခဲ့တယ် ။ ၃.၁၂.၃၀၁၉ ရက်နေ့မှာ ဆရာဝန် တစ်ယောက်က ခွဲမွေးရမယ်ဆိုပြီး အစာမစားခိုင်းတော့ပါဘူး ။ နေ့လည်ပိုင်းမှာတော့မခွဲဖြစ်သေးဘူးဆိုပြီး အစာပြန်စားခိုင်းပါတယ် ။

၄.၁၂.၂၀၁၉ ရက်နေ့ မနက် ၁ နာရီလောက်မှာ ရေမွှာပေါက်လို့ တာဝန်ကျ ဆရာမကိုပြောတော့ နေ့လည် ၂ နာရီမှာ ခွဲမယ်ဆိုပြီးလိုအပ်တဲ့ ဆလိုင်းတွေချိတ်ပေးထားပါတယ် ။

ည ၈း၀၀ နာရီမှာ စခွဲမယ်ဆိုတော့ မွေးလူနာအနေနဲ့ ညှစ်အားမပြောနဲ့ နာတာတွေတောင် မပေါ်တော့ပါဘူး ။ ခွဲခန်းထဲကို လမ်းလျောက်ပြီး လိုက်သွားခဲ့ပါတယ် ။

ည ၉ နာရီခွဲတော့ ခွဲခန်းထဲအုပ်ထိန်းသူခေါ်ပြီးပြောပါတယ် ။ မိခင်ရော ကလေးပါ အသက်မရှိတော့ဘူးတဲ့ ။ ဆရာဝန်ရှင်းပြတာကတော့ ခွဲစိတ်ဖို့မေ့ဆေးထိုးကတည်းက ဆေးဒါဏ်မခံနိုင် လို့ဖြစ်သွားတာတဲ့ ။

ဒီလိုဘဲ ဖြစ်တတ်ပါတယ် လို့ ရှင်းပြခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးနန်းဝင်းထွန်းမှ ပြောပါတယ် ။ယင်းသို့ သေဆုံးသွားခဲ့တာနဲ့ ပါတ်သက်၍ ထီးချ ိုင့်ပြည်သူဆေးရုံမှ ဒေါက်တာညီညီစိုးအား ဆက်သွယ်မေးမြန်းကြည့်ရာ ” ဘာကြောင့်သေဆုံးတာလဲဆိုတော့ ခွဲခန်းမဝင်ခင် သူတို့ကိုပြောပြတယ်လေ။

သင့်တော်တဲ့ မေ့ဆေးထုံဆေးပေးနေချိန်မှာ မိခင်ရော ကလေးပါ အသက်အန္တရာယ်ရှိတယ်ဆိုတာပြောပြပြီး သဘောတူညီမှုရမှ မေ့ဆေးထုံဆေးပေးတာပါ ။ ခါးထုံဆေးပေးတဲ့အခါမှာ ခါးထုံဆေးဒါဏ် မခံနိုင်တာပေါ့ ။ ခါးထုံဆေးဒါဏ်ကို မခံနိုင်တဲ့လူ ၅၀ မှာ ၂ ဦးလောက်တွေရတတ်ပြီး လူ ၁၀၀ မှာ ၄ ဦးခန့် တွေရကြောင်းပြောပြ သိရှိရပါတယ် ။

ထီးချ ိုင့်ပြည်သူ့ဆေးရုံတွင် မွှေးလူနာအဖြစ် တက်ရောက်၍ ခွဲစိတ်ကုသစဉ် သေဆုံးသွားခဲ့သည့် ထီးချ ိုင့်မြို့ အမှတ် ၂ ရပ်ကွက် ဥယျာဉ်ကုန်းရပ်နေ မနန်းဝသုန်ဇင် အသက် ၂၂ အား၅.၁၂.၂၀၁၉ ရက်နေ့ ညနေပိုင်းအချိန်က မြေမြုပ်သဂြိၤု လ်ခဲ့ပြီး ၁၀.၁၂. ၂၀၁၉ ရက်နေ့တွင် ရက်လည်ဆွမ်းကြွေး ပြုလုပ်သွားမယ် လို့ သိရပါတယ် ။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ ဖြစ်တတ်ပါတယ်လို့ဘဲ ဆိုဆို ကံတရားလို့ဘဲ ပြောပြောသေဆုံးသွားခဲ့သူမှာ ပြန်ရှင်လာတော့မည်မဟုတ်ကြောင်း သိရှိသော်လည်း ထီးချိုင့် မြို့သူ မြို့သား နယ်သူနယ်သားများ အခုလိုအဖြစ်မျိုးမှ ကင်းဝေးစေရန် နှင့် ယုံကြည်စိတ်ချရသော ဆေးဝါးစောင့်ရှောက်မှုရရှိရန် တာဝန်ရှိသူများအနေနဲ့ ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ရင်ဖွင့် ပြောကြားခဲ့ပါတယ် ။

Credit မြင့်လွင်