မိသားစုတွေ စိတ်ပူနေခဲ့တဲ့ လူပျောက်ကြော်ညာတစ်ခု ပြန်တွေ့ပြီဖြစ်ကြောင်း သတင်းကောင်း

129

ဒီဇင်ဘာ(၉)#AlinnMyay(အလင်းမြေ)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ချမ်း/မြောက် ရပ်ကွက် ၄၃ လမ်း၊ ၈၀-၈၁ လမ်းကြား နေထိုင်သူ အဖ အမည် ဦးကျော်စိန် ပျောက်ဆုံးနေသူ ကိုခင်မောင်ဇော် (မှတ်ပုံတင်အမှတ် ၉/မရမ(နိုင်)၀၈၄၈၅၃) သည် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် နေထိုင်ရာအိမ်မှ စက်ဘီးဖြင့် ထွက်သွားပြီး ပျောက်ဆုံးနေခဲ့ရာမှ မိသားစုဝင်များဖြစ်သော အမဖြစ်သူ မညို နှင့် မမိုးတို့ မှ AlinnMyay(အလင်းမြေ) မီဒီယာ သို့ ပြောပြကာ လူမှုကွန်ယက်တွင် အကူအညီတောင်းခံလာခဲ့၍ တင်ပြပေးခဲ့ပါသည်။

အဆိုပါ ပျောက်ဆုံးနေသူ ကိုခင်မောင်ဇော်သည် စတင်ပျောက်ဆုံးခဲ့သောနေ့က ကားသမားတစ်ယောက်မှ အခြားကားပေါ်တွင်တင်ပေးလိုက်ပြီး အလုပ်လုပ်စေခဲ့ကြောင်း သိရပြီး ထိုကားပေါ်မှာပဲ အလုပ်လုပ်နေကာ ယခုပြန်လာခဲ့၍ အိမ်ပြန်ရောက်နေပြီ ဖြစ်ကြောင်း စိတ်ပူနေသော အသိမိတ်ဆွေများနှင့် ရှယ်ပေးခဲ့ကြသော အွန်လိုင်းအသုံးပြုသူများ သိအောင် ပြန်လည်တင်ပြပေးခြင်းဖြစ်ပါသည်။

ပျောက်ဆုံးနေစဉ်က အကူအညီတောင်းခံခဲ့သော ပို့အား ဝိုင်းဝန်းမျှဝေပေးကြသော အွန်လိုင်းသုံးသူများနှင့် စိတ်ပူပေးကြသော အသိမိတ်ဆွေများ အားလုံးကို မိသားစုများနှင့် အတူ AlinnMyay(အလင်းမြေ)မီဒီယာမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

#AlinnMyay(အလင်းမြေ)