အခုကစပြီး ကျွန်နော်​တို့ မြန်​မာ​တွေ အရိုးပြုတ်​ရည်​ ​သောက်​ကြဖို့ အချိန်​တန်ပါ​ပြီ

181

ရိုးတွင်​းခြင်​ဆီကို ပြန်​ဖြည်​့​ပေးဖို့​မေ့​နေကြလား…

ကျန်းမာရေးအတွက် ဘယ်လောက် အကျိုးကျေးဇူးများလဲ ဖတ်ဖြစ်အောင်ဖတ်ကြည့်ဗျာ

ကျ​နော်​တို့ လူအများစုဟာ ကိုယ်​့ကျန်​းမာ​ရေးကို ​ကိုယ်​ကာင်​း​အောင်​ လုပ်​ကြရာမှာ အခြား​သောကိစ္စ​တွေကိုချည်​း အာရုံစိုက်​ ​နေကြတဲ့အတွက်​ ရိုးတွင်​းခြင်​ဆီကိစ္စကို ​မေ့​လျော့​နေတတ်​ကြပါတယ်​။ Bone Marrow လို့​ခေါ်တဲ့ရိုးတွင်​းခြင်​ဆီဟာဦး​နှောက်​၊ နှလုံး၊ အသည်​းပြီးရင်​ အ​ရေးအကြီးဆုံးအစိတ်​အပိုင်​းပဲ ဖြစ်​ပါတယ်​။

ရိုးတွင်​းခြင်​ဆီက ဘာ​တွေလုပ်​​ပေးသလဲဆိုရင်​ ခန္ဓာကိုယ်​ရဲ့အလုံးစုံ​သောခုခံအားcell​တွေကို​ မွေးထုတ်​​ပေးခြင်​း၊ခန္ဓာကိုယ်​အတွက်​လုပ်​ငန်​း​ဆောင်​တာ​တွေကို လုပ်​​ပေးတဲ့ပင်​မ​သွေးcellများကိုပြုလုပ်​​ပေးခြင်​း၊ ခန္ဓာကိုယ်​ရဲ့​သွေးထုတ်​လုပ်​​ပေးရာအကြီးဆုံးဌာနဖြစ်​ခြင်​း၊ ခန္ဓာကိုယ် ​နုပျိုသွက်​လက်​​အောင် ​ပြုလုပ်​​ပေးခြင်​း စသည်​ဖြင်​့ အလွန်​အ​ရေးကြီးတဲ့ ကိစ္စ​တွေကို ပြုလုပ်​​ပေးပါတယ်​။

ရိုးတွင်​းခြင်​ဆီဟာ ငယ်​ရွယ်​စဉ်​မှာ​တော့ အား​ကောင်​း​နေကြတာ ချည်​းပါပဲ။ သို့​သော်​လဲ အသက်​ကြီးလာတာနဲ့အမျှ ရိုးတွင်​းခြင်​ဆီ​တွေတဖြည်​းဖြည်​းခန်​းလာပါတယ်​။ သု​တေသနပြုလုပ်​ထားချက်​​တွေအရအသက်​၂၅နှစ်​​လောက်​က စပြီး တဖြည်​းဖြည်​း ခန်​း​ခြောက်​လာတယ်​လို့ ဆိုပါတယ်​။ ရိုးတွင်​းခြင်​ဆီ​တွေ အား​လျော့လာတာနဲ့အမျှ လူကလည်​း​ ကိုယ်​ခံအား​တွေ ​သွေးအား​တွေယုတ်​​လျော့လာပြီး ​ရောဂါ​တွေလည်​းဖြစ်​၊ အိုမင်​းမှု​တွေလည်​း ​ရောက်​လာ​တော့တာပါပဲ။

အိုမင်​းမှုရဲ့နှုန်​းထားဟာရိုးတွင်​းခြင်​ဆီ​ပေါ်မှာအများကြီးမူတည်​​နေပါတယ်​ လူ့အသက်​ဟာ၁၀၀​ကျော်​​အောင်​​နေနိုင်​ပါလျက်​နဲ့လူ​တွေ​စောစီးစွာ​သေ​နေကြရတာဟာလည်​းရိုးတွင်​းခြင်​ဆီခန်​း​ခြောက်​ခြင်​းကအ​ကြောင်​းရင်​းတစ်​ခုပြဲဖစ်​ပါတယ်​။

ရိုးတွင်​းခြင်​ဆီအား​ကောင်​း​နေဆ ြဲဖစ်​တဲ့အသက်​၃၀​အောက်​အရွယ်​မှာ​တော့ကျန်​းမာသန်​စွမ်​းပြီး​ရောဂါကင်​းကြပါတယ်​ အဲဒီ့​နောက်​ပိုင်​းမှာ မူလကအနီ​ရောင်​ရဲရဲရှိ​နေတဲ့ ရိုးတွင်​းခြင်​ဆီ​တွေဟာ အနီ​ရောင်​က​နေ ဝါကျင်​့ကျင်​့ဖြစ်​သွားပြီး အားနည်​းသွား​တော့တာပါပဲ အသက်​ကြီးသွား​တော့ညိုတိုတို အ​ရောင်​မျိုးအထိ ဖြစ်​သွားပြီ။ အဲဒါဟာခြင်​ဆီခန်​းပြီဆိုတာပြ​နေတာပဲ လူကလည်​း မီးစာကုန်​ ဆီခန်​း​တော့မယ်​​ပေါ့။ အဲဒီ့​နောက်​မှာ​တော့ ​သွေးအားလည်​းနည်​း၊ ကိုယ်​ခံစွမ်​းအားလည်​းကုန်​ပြီး မီးငြိမ်​းသွား​တော့တာပါပဲ။

အဲဒီ့ဖြစ်​စဉ်​​တွေကို သ​ဘော​ပေါက်​ပြီဆိုရင် ​ကျ​နော်​တို့ ဘာလုပ်​သင်​့သလဲ။ ကိုယ်​့ရဲ့ရိုးတွင်​းခြင်​ဆီကို အား​ဖြည်​့​ပေးဖို့လုပ်​ရ​တော့မှာ​ပေါ့။ ရိုးတွင်​းခြင်​ဆီအားဖြည်​့ဖို့အ​ကောင်​းဆုံးနည်​းက​တော့အရိုးပြုတ်​ရည်​​သောက်​ဖို့ပြဲဖစ်​ပါတယ်​။ တိရစ္ဆာန်​အရိုး​တွေဖြစ်​တဲ့ဝက်​ရိုး၊ အမဲရိုး၊ ဆိတ်​ရိုး၊ ကြက်​ရိုး၊ ဘဲရိုး စတဲ့အရိုး​တွေကို ပြုတ်​​သောက်​​ပေးရမယ်​။ ခြင်​ဆီ​တွေများများပါတဲ့ အရိုး​တွေကို ဦးစား​ပေး​သောက်​​ပေးပါ။

အရိုးပြုတ်​ရည်​ထဲမှာ ရိုးတွင်​းခြင်​ဆီကိုသာမကအရိုး​တွေကိုပါ အား​ကောင်​း​စေမယ်​့ခြင်​ဆီ၊ ကယ်​စီယမ်​၊ ဂလူတာမင်​၊ ဂလိုင်​ဆင်​း၊​ ကော်​လာဂျင်​၊ အရိုးအဆစ်​​တွေအတွက်​ လိုအပ်​တဲ့သဘာဝဓာတ်​များ၊ ခန္ဓာကိုယ်​အတွက်​လိုအပ်​တဲ့ အမိုင်​နိုအက်​ဆစ်​များစသဖြင်​းအကျိုးပြုတဲ့ဓာတ်​​တွေအများကြီးပါပါတယ်​။

အရိုးပြုတ်​ရည်​ ​သောက်​ခြင်​းအားဖြင်​့ ရိုးတွင်​းခြင်​ဆီ​တွေအား​ကောင်​းလာပြီး ကိုယ်​ခံစွမ်​းအား​တွေ​သွေးအား​တွေလည်​း​ ကောင်​းလာပါလိမ်​့မယ်​။ ခန္ဓာကိုယ်​အစိတ်​ပိုင်​းအသီးသီးက Cell​တွေလည်​း အား​ကောင်​းလာပြီး ​ရောဂါ​တွေလည်​းကင်​းရှင်​းပါလိမ်​့မယ်​။ အထူးသဖြင်​့ Auto Immune Disease ​ကြောင်​့ဖြ်စ်​လာရတဲ့ ​နောက်​ဆက်​တွဲ​ရောဂါ​တွေလည်​း ​ပျောက်​ကင်​းသက်​သာ သွားနိုင်​ပါတယ်​။ လူကလည်​း နုပျိုလှပလာမယ်​ ​ရောဂါကင်​းပြီး အသက်​ရှည်​နိုင်​ပါတယ်​။

ကျ​နော်​က ဘယ်​မြို့​ရောက်​​ရောက်​အရိုးပြုတ်​ရည်​ ရှာ​သောက်​ပါတယ်​။ သီးသန်​့​ရောင်​းတာ မရှိ​ပေမဲ့ မြန်​မာဆိုင်​မှာ ကြက်​ပြုတ်​ရည်​၊ တရုတ်​ဆိုင်​မှာ​ကြေးအိုး၊ ကုလားဆိုင်​မှာဆိတ်​ရိုးစွပ်​ပြုတ်​ရည်​​တွေဝယ်​​သောက်​တယ်​​လေ။ သို့​သော်​လဲကိုယ်​့ဟာကိုယ်​စိတ်​ကြိုက်​ပြုတ်​​သောက်​တာက ပို​ကောင်​းတာ​ပေါ့။ အိမ်​မှာဆိုရင်​ ဆိတ်​​ခြေ​ထောက်​ရိုး ဝယ်​ပြုတ်​ပြီး​သောက်​တယ်​။ အရိုးထဲကခြင်​ဆီ​တွေကိုတပြွတ်​ပြွတ်​ စုပ်​စားရတာအရသာ ရှိလှပါတယ်​။ တကယ်​ကို အားရှိသလိုက်ို ခံစားရပါတယ်​။

အရိုးပြုတ်​ရည်​ကို ဘယ်​လိုပြုတ်​လဲဆိုတာလည်​း သိချင်​ကြပါလိမ်​့မယ်​။ အရင်​ဆုံးကိုယ်​ကြိုက်​တဲ့ အရိုးကိုဝယ်​ပါ။ ကျ​နော်​က​တော့ ဆိတ်​ရိုးကြိုက်​ပါတယ်​။ အရိုးကို​ရေ​ဆေးပြီး ပြုတ်​ပါ အရိုးထဲက အကျိုးပြုဓာတ်​​တွေ ထွက်​လာဖို့ ပန်​းသီး ဗင်​နီဂါနဲနဲ​လောက်​ထည်​့ပါ။ အငန်​အရသာအတွက် ​​ကျောက်​ဆား၊ ပင်​လယ်​ဆား၊ အိုင်​အိုဒင်​းဆားနဲနဲစီ ထည်​့ပါ အချိုအရသာအတွက် ​ထန်​းလျက်​နဲနဲထည်​့ပါ။ ကြက်​သွန်​ဖြူ ကြက်​သွန်​နီ ထည်​့ပြီး မီးပြင်​းတိုက်​ပါ။

ရေ​ပေါ်ကို ​ဝေ့တက်​လာတဲ့ အမြှုပ်​​တွေကိုဖယ်​လိုက်​ပါ၊ ပြီးရင် ​မီး​အေး​အေးနဲ့ နာရီအ​တော်​ကြာ​အောင်​ ထားပါ။ အရိုးထဲက ဓာတ်​​တွေဟာ ပြုတ်​ရည်​ထဲ​ရောက်​လာပါပြီ။ မာလာန့ံကြိုက်​ရင်​ မာလာအနှစ်​ထည်​့။ ယိုးဒယားစာကြိုက်​ရင်​ တုံယမ်​းအခဲထည်​၊ တရုတ်​စာကြိုက်​ရင် ​နှမ်​းဆီ​မွှေးထည်​့၊ ကုလားစာကြိုက်​ရင်​ ပဲမှုန်​့နဲ့မဆလာထည်​့၊ ​ဟော့​ပေါ့လိုစားချင်​ရင်​လည်​းကြိုက်​တဲ့အရွက်​ အသား​တွေ ထည်​့စားလိုက်​ရုံပါပဲ။

အခုအခါမှာ နိုင်​ငံတကာမှာ အရိုးပြုတ်​ရည်​ အလွန်​​ခေတ်​စားလာတဲ့အတွက်​ အရိုးပြုတ်​ရည်​​​ရောင်​းတဲ့ ဆိုင်​​တွေဟာ လမ်​း​ထောင်​့​တွေမှာ ​နေရာယူ ​နေကြပါပြီ။ အရိုးပြုတ်​ရည်​ ​သောက်​ပြီး ကျန်​းမာ​ရေး​တွေလည်​း အလွန်​​ကောင်​း ​နေကြပါပြီ။ ကျ​နော်​တို့မြန်​မာ​တွေလည်​း အရိုးပြုတ်​ရည်​ ​သောက်​ကြဖို့ အချိန်​တန်​ပြီလို့ ​ပြောပါရ​စေ​တော့…..

ချစ်​ခင်​​လေးစားလျှက်​…..

Credit:Min Kyaw Win

naethitmyanmar