အေအေ စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဇနီးနှင့်ကလေးငယ်များအား ချင်းရိုင်းလေဆိပ်မှတဆင့် ဘန်ကောက်မြို့ သို့ပို့ဆောင်

148

၂၀၁၉ ဒီဇင်ဘာလ ၉ ရက်

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၄) ရက်နေ့က အေအေ စစ်ီးဦးစီးချုပ်၏ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူနှင့်အသက် (၁၂) နှစ်အရွယ် သမီးဖြစ်သူ မစောပြည့်ရှင့်နှင့် (၁၁) လသားအရွယ် မောင်မြတ်လင်းဇံတို့ကို ပတ်စ်ပို့ဗီဇာသက်တမ်းတိုးသည့်ကိစ္စနှင့်ပါတ်သက်၍ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေသည့်သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မနေ့က ချင်းရိုင်းလေဆိပ်မှတဆင့် ဘန်ကောက်မြို့ စွမ်ဖလူး လဝကဌာနချုပ်ရုံးသို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိခဲ့ ။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ – ထိုင်းနယ်စပ်ကနေတဆင့် မြန်မာနိုင်ငံဘက်သို့လွှဲပြောင်းပေးတော့မည်ဆိုသည့်ကောလစာလသတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဒေါ်နှင်းဇာဖြူတို့မိသားစု မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ဆိသည့် သတင်းများကိုလျှို့ဝှက်ထားခဲ့ကြသဖြင့် တိတိကျကျစုံစမ်း၍မရရှိခဲ့ ။

ယခုအခါဘန်ကောက်မြို့ဆာထွန်ရပ် စွမ်ဖလူးလမ်း ( Suan Phlu ) လူဝင်မှုကြီးကြပ်ရေးရုံး ၊ စစ်ဆေးရေးဌာနတွင်ကောင်းမွန်ထိန်းသိမ်းစစ်ဆေးလျှက်ရှိနေကြောင်းသိရှိရပြီး မည်သို့ဆက်လက်ဆောင်ရွက်မည်ကိုတော့မသိရှိရသေးကြောင်း ထိုင်းအမျိုးသားထောက်လှမ်းရေးမှအမည်မဖော်လိုသူတာဝန်ရှိသူတစ်ဦးမှပြောသည် ။

ဒေါ်နှင်းဇာဖြူမိသားစုအားထိုင်းအာဏာပိုင်များမှဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေမှုအပေါ်နိုင်ငံတကာလူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များကလည်း ဝိုင်းဝန်းပြစ်တင်ဖိအားပေးနေမှုများကြောင့် မယ်ဆိုင်မြို့မှတဆင့် ချင်းရိုင်းခရိုင် လေဆိပ်မှတဆင့်ဘန်ကောက်မြို့သို့ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်းသတင်းရရှိပါသည် ။

Photo Crd

#မင်းစောမင်း