တစ်ဖက်သားစိတ်ဆင်းရဲစေမယ့်စကားမှန်းသိရဲ့နဲ့ပြောတာကို စတာလို့မခေါ်ဘူး စိတ်ထားယုတ်ညံ့တာလို့ခေါ်တယ်

891

တစ်ခါတစ်လေ လူတွေရဲ့ သဘာဝပေါ့

သူများ စိတ်အနှောင့် အယှက် ဖြစ်စမယ့်

စကားမှန်းသိရဲ့နဲ့ပြောတယ်

ဒါသူ့ရဲ့အားနည်းချက်ပဲ

ငါပြောလိုက်ရင် နိုင်ပြီလို့ ထင်ကြတယ်

အဲ့လို လူတွေ မေ့နေတတ်တာက

ပြီးပြည့်စုံတဲ့လူဆိုတာ မရှိတဲ့အတွက်

သူတို့မှာလည်း အားနည်းချက် ရှိနေတတ်တာပဲ

ဒါကိုတစ်ဖက်သားက

သဘောထားကြီးစွာနဲ့ အောက်ဖဲမလှန်တဲ့အခါ

သူတို့ကိုယ်သူတို့ လူမှန်ကြီးတွေလို့ ထင်သွားကြပြန်ရော

ဝဋ်မှာအမြဲ ငရဲမှာ အပမို့

ထိုသူတွေဟာ ကိုယ်မတုံ့ပြန်တောင်

သူတို့ အကုသိုယ်ကံနဲ့

မချိမဆန့် ပြန်ခံရတတ်ပါတယ်လေ

Yoon