အသက် ၉၀ ကျော် အမေဖြစ်သူကို ဈေးထဲလိုက်တောင်းစားခိုင်းတဲ့ သမီး

130

မိဘကျေးဇူးဆိုတာ အထူးကြီးမားလှပါတယ်…အမေ့နို့ဖိုးနဲ့ အဖေချွေးဖိုးက ဘယ်လိုမှ ကြေအောင်ဆပ်နိုင်တဲ့ အရာမဟုတ်ပါဘူး…ခုဘဝမှာတောင် အမေ့နို့တစ်လုံးဖိုးကို ဘယ်သူမှ ကြေအောင် မဆပ်နိုင်ကြဘူးမဟုတ်လား….. အမေတွေကတော့ သူမဘယ်လောက် ငတ်ပြတ်နေပါစေ သားသမီးစားဖို့အတွက် ဟင်းတစ်ခွက်တော့ မရရအောင် ရှာပေးတတ်ကြတာပါ….. မိဘတွေ အိုမင်းမစွမ်းဖြစ်လာရင်လည်း သားသမီးတွေက တလှည့်ပြန် ပြုစုစောင့်ရှောက်ရမှာ လူ့ကျင့်ဝတ်တစ်ခု သားသမီး ဝတ္ထရားတစ်ခုပဲ မဟုတ်လား…

ခုပြောပြပေးမယ့် အဖြစ်အပျက်လေးကတော့ သမီးဖြစ်သူက အသက်ကြီးနေတဲ့ မိခင်ကို ရှာကျွေးပြုစုမှု မလုပ်တဲ့ အပြင် ရပ်တကာလှည့်တောင်းစားခိုင်းပြီး ရတဲ့ငွေတွေ ယူနေတဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက်ပါ…ဖြစ်စဉ်ကတော့ ဇင်းကျိုက်က ဗိုလ်ချုပ်ဈေးထဲမှာ အသက်၉၅ နှစ်အရွယ်မိခင်ကို သမီးဖြစ်သူက တောင်းရမ်းခိုင်းနေတာပါ…ရတဲ့ငွေတွေကိုတော့ သူယူပါတယ်တဲ့…အဲဒီဖြစ်စဉ်လေးကို သိတဲ့ ပြည်သူတွေက တာဝန်ရှိသူတွေကို သတင်းပေးတယ်ဆိုပါတယ်…

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် အန်တောပျံကျေးရွာနေတဲ့ ခင်သန်းမူ ၄၅ နှစ် (ဘ)ဦးသံချောင်းဟာ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိခင်ဒေါ်သောင်းတင် ကို ဈေးတွေမှာ လိုက်လံတောင်းရမ်းခိုင်းနေပြီး ရရှိတဲ့ ငွေတွေကို ယူနေပါတယ်လို့ တိုင်တာပါ……အဲတာကြောင့် ဇင်းကျိုက်ရဲကင်းစခန်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်…..

ဒါတကယ့်ကို မဖြစ်သင့်တဲ့ ကိစ္စပါပဲ…မိဘရှာကျွေးနိုင်တုန်းကတော့ အခန့်သားစားပြီး မိဘအိုမင်းမစွမ်းချိန်ရောက်တော့ ကိုယ်က ရှာမကျွေးတဲ့အပြင် တောင်းပါစားခိုင်းတာပါ…. အသက် ၉၅ နှစ်အရွယ်ဆိုတာ တရားနဲ့ပျော်မွေ့နေရမဲ့အချိန်မှာ လူကြားထဲမှာ လိုက်လံတောင်းရမ်းရတဲ့ အဖြစ်လေးကတော့ တကယ့်ကို ရင်နာစရာပါ…..ဒါလေးဖတ်ပြီး သြော် လောကမှာ ဒီလို သားသမီးလည်း ရှိသေးပါလားလို့ သံဝေဂရမိပါတယ်…..

Writer – HW (Shwe Yaung Lan)

Source : ဝရဇိန် ပေါင်