အရမ်းချစ်ရတဲ့ချစ်သူမိန်းကလေးဟာ အပြာမင်းသမီးဖြစ်နေတာကို သိလိုက်ရတဲ့အခါ

139

တရုတ်နိုင်ငံက အမျိုးသား တစ်ဦးဟာ သြစတြေးလျနိုင်ငံကို ကျောင်းသွားတတ်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံကနေ ကျောင်းလာတတ်တဲ့ တစ်နိုင်ငံသူ တရုတ်အမျိုးသမီးနဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။

တရုတ် ကျောင်းသားက သူ့ရဲ့ ချစ်သူဟာ စာ အလွန် ကြိုးစားပြီး တက္ကသိုလ် စာကြည့်တိုက်မှာ တစ်ယောက်တည်း အမြဲလိုလို စာကြည့်ပြီး နှောင့်ယှက်တာ မကြိုက်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း တစ်နေ့ကျတော့ သူဟာ သူ့ရဲ့ ချစ်သူ ကောင်မလေးက အပြာမင်းသမီး ဖြစ်တာကို တစ်ဆင့်ခံ သူ့ရဲ့ဝမ်းကွဲ ညီတစ်ဦးဆီက သိသွားတော့ သူ့ရဲ့ လုပ်ရပ်က အံ့သြဖို့ ကောင်းပါတယ်။

သူဟာ သူ့ရဲ့ ကောင်မလေး အပြာမင်းသမီး ဖြစ်တာကို သိသွားတော့၊ လမ်းခွဲမယ်လို့ မပြောခဲ့ဘဲ သူ့ရဲ့ ချစ်သူကို ဆွေးနွေညှိနှိုင်းချင်တယ်လို့ ပြောခဲ့ပေမဲ့ ကောင်မလေးက ငြင်းပယ်ခဲ့ပါတယ်။

သူဟာ သြစတြေးလျနိုင်ငံမှာ ကျောင်းတတ်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံက သူ့ရဲ့ ဝမ်းကွဲညီက သူ့ဆီကို သူ့ရဲ့ ကောင်မလေးက အပြာမင်းသမီးပါလို့ အကြောင်းကြား ဆက်သွယ်ပေးခဲ့ပါတယ်။

သူ့ရဲ့ ဝမ်းကွဲညီဟာ ညစ်ညမ်းကား ကြည့်နေတဲ့ အချိန်မှာ ညစ်ညမ်းကားထဲက ကောင်မလေးက သူ့ဝမ်းကွဲ အစ်ကိုရဲ့ ကောင်မလေးနဲ့ တူလွန်းတာကြောင့် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ် ကျောင်းသားဟာ သူ့ချစ်သူရဲ့ ညစ်ညမ်းကားကို ဓါတ်ပုံ ရိုက်လျက်၊ သူ့ချစ်သူဆီကို ပို့ပြီး ညစ်ညမ်းကားထဲက ကောင်မလေးက ဘယ်သူလဲ၊ နင်လားလို့ အသေးစိတ် မေးမြန်းခဲ့ပါတယ်။

သူ့ရဲ့ ချစ်သူက ညစ်ညမ်းကားထဲက ကောင်းမလေးက သူပါလို့ ပြောပြီး၊ ပိုက်ဆံ မရှိတာကြောင့် ညစ်ညမ်းကား ရိုက်ရတာပါလို့ ပြန်ပြောခဲ့ပြီး၊ နောက်ဆုံးမှာတော့ နှစ်ဦးသာ လမ်းခွဲခဲ့ကြပါတယ်။

Ko Khant ( D Nae Khit Media )