မိုးကုတ်မှာ အပင်တွေလည်း ရေခဲကုန်ပြီ

144

ယခုရာသီဟာ အလွန်အေးတဲ့ ဆောင်းရာသီပါ…..မြန်မာပြည်အောက်ပိုင်းမှာတောင် အရမ်းအေးနေတာ…တောင်တွေအထပ်ထပ် ထူတဲ့ မြန်မာပြည်အထက်ပိုင်းဆိုရင် ဘယ်လောက်အေးမလဲ ခန့်မှန်းကြည့်ပါ..

ဒီလိုအရမ်းအေးတဲ့ မြန်မာပြည်အထက်ပိုင်းက မြို့တွေထဲမှာ မိုးကုတ်မြို့လည်း တစ်မြို့အပါအဝင်ဖြစ်ပါတယ်…..

မိုးကုတ်မြို့ဟာ မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်မှာ ပါဝင်ပါတယ်…

မိုးကုတ်မြို့ကနေ ပတ္တမြားတွေမြောက်များစွာ ထွက်ရှိပြီးတော့ ကမ္ဘာမှာ အကောင်းဆုံး ပတ္တမြားတွေက မိုးကုတ်ကနေ ထွက်တာပဲ ဖြစ်ပါတယ်……

ဒါကြောင့်လည်း ပတ္တမြား ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် ကမ္ဘာမှာပါ ကျော်ကြားထင်ရှားတာပဲ ဖြစ်ပါတယ်……

မိုးကုတ်မြို့ကို ဒါကြောင့် ပတ္တမြားမြေလို့ ကမ္ဘာမှာ လူသိများထင်ရှားတာပဲ ဖြစ်ပါတယ်….မိုးကုတ်မြို့ဟာ မြင့်မားတဲ့ တောင်တန်းကြီးတွေ ရှိတာကြောင့် သမနွေးစွတ်စိုသော ရာသီဥတု ရှိပါတယ်…

တောင်ပေါ်ဒေသဖြစ်တာကြောင့် အေးမြတဲ့ ရာသီဥတုရှိတာလည်း ဖြစ်ပါတယ်….

တစ်နိုင်ငံလုံးအေးနေတဲ့ ခုလိုအချိန်မှာ မိုးကုတ်မြို့က ပိုလို့တောင်အေးတာပဲ ဖြစ်ပါတယ်….မိုးကုတ်မြို့ရဲ့ ဘားနက်ကျေးရွာမှာ တခြားနေရာတွေ ပိုအေးပြီးတော့ ခုဆိုရင် ရေတွေခဲသလို သစ်ပင်တွေပေါ်ကြတဲ့ နှင်းတွေကလည်း ခဲနေတာ ဖြစ်ပါတယ်……

ခုလို ခဲနေတာကလည်း သဘာဝအလှတစ်ခုပမာ ဖြစ်နေတာပါ…….ကြည့်ရသူအဖို့ အေးတာတောင် ပျောက်ပြီး အရမ်းကို စိတ်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလို့ ဆိုရမှာပါ……

ကိုယ်တိုင်မရောက်ဖူးတဲ့ ပရိသတ်ကြီးတို့အတွက် မိုးကုတ်မြို့မှာ သစ်ပင်ကအစ ရေခဲနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်အောင် ပုံတွေအများကြီး ပြန်လည်မျှဝေလိုက်ပါတယ်နော်…..

Writer – HW (Shwe Yaung Lan)

Video Source : Nandar Win Mg